ဗြိတိသျှ ဓား​စာခံ နောက်​တစ်​ဦး အသတ်​ခံ​နေ​ရ​တဲ့ ဗီ​ဒီ​ယို ထွက်လာ

  • 3 အောက်တိုဘာ 2014
henning ဓာတ်ပုံ မူပိုင် PA
Image caption Alan Henning

အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် IS အဖွဲ့ က ဗြိတိသျှ ဓားစာခံ နောက်တစ်ဦး ဖြစ်တဲ့ အယ်လန် ဟန်နင် Alan Henning ကို ခေါင်းဖြတ် သတ်နေတာ ကို ပြသနေတယ် လို့ ယူဆရ တဲ့ ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိ လာပါတယ်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဟန်နင်ဟာ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်သူ ဖြစ်ပြီး တက္ကဆီ အငှားယာဉ်မောင်း တစ်ဦး ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ဆီးရီးယား နိုင်ငံ ကို စစ်ဘေး ဒုက္ခသည် တွေ အတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ သွားရောက် ပေးပို့ ခဲ့ရာကနေ အစွန်းရောက် သမားတွေ ရဲ့ ဖမ်းဆီးတာ ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

IS အစွန်းရောက်တွေ ဟာ သူတို့ ဖမ်းဆီးခဲ့ကြ တဲ့ အမေရိကန် စာနယ်ဇင်း သမားတွေ ဖြစ်တဲ့ ဂျိမ်းစ်ဖိုလီ နဲ့ စတီဗင် ဆော့ထ်လော့ဖ်၊ စကော့လူမျိုး ပရဟိတသမား ဒေးဗစ် ဟိန်းစ်တို့ ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်ပါတယ်။