ဟောင်ကောင် ဆန္ဒပြသူတွေ ဆွေးနွေးဖို့ ရွှေ့ဆိုင်း

  • 3 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေနဲ့ ရပ်ကွက်သားတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်

ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ ဘေဂျင်း လိုလားသူတွေ အကြား ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပြီးနောက် အစောပိုင်းက သဘောတူ ထားတဲ့ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ်ကို ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေက ရွှေ့ဆိုင်း ထားလိုက်ပါတယ်။

ဆန္ဒပြသူတွေ အပေါ် ရည်ရွယ်ချက် ရှိရှိနဲ့ စနစ်တကျ ကျူးလွန်တဲ့ ရန်ပြုမှုတွေကို ဟောင်ကောင် အုပ်ချုပ်ရေးပိုင်းက အကာအကွယ် ပေးသင့်တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ ဘေဂျင်း အစိုးရက စိတ်ကြိုက် ရွေးချယ်တဲ့ ကိုယ်စားလှယ် တွေသာ ဝင်ရောက်ခွင့် ရမယ့် စည်းမျဉ်းတွေကို ကန့်ကွက် နေတာ ဖြစ်ပြီး ကြာသပတေးနေ့ ညကတော့ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လုံရဲ့ ကမ်းလှမ်းချက်ကို ဆန္ဒပြသူတွေက သဘောတူ လက်ခံ ခဲ့ကြပါတယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ဟောင်ကောင် မြို့လယ်က စီးပွားရေး ရပ်ကွက်တစ်ခု ဖြစ်တဲ့ Mong Kok မှာ ဆန္ဒပြမှုတွေကို ဆန့်ကျင်သူတွေက ဆန္ဒပြသမားတွေရဲ့ တဲတွေကို ဖြိုဖျက်ခဲ့ကြရာက ထွေးလား လုံးလား ဖြစ်ခဲ့ကြပါတယ်။

အလားတူပဲ Causeway Bay ဒေသမှာလည်း ရပ်ကွက်တွင်း နေထိုင်သူတွေက ဆန္ဒပြသူတွေရဲ့ အတားအဆီး တွေကို ဖယ်ရှား ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ