ကိုဘာနီ မြို့ကို IS ထိုးစစ် ချဉ်းကပ်လာ

  • 3 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီ တင့်ကားတွေကို ဆီးရီးယား နယ်စပ်မှာ ချထား

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက ကိုဘာနီ မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ တပ်တွေနဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေပါတယ်။

အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့ ကြားက IS အဖွဲ့ တပ်တွေဟာ ကိုဘာနီမြို့နဲ့ ကီလိုမီတာ အနည်းငယ်သာ ကွာတော့တဲ့ အထိ ချဉ်းကပ် လာနေကြပါတယ်။

တူရကီ အစိုးရကလည်း ကိုဘာနီမြို့ကို IS အဖွဲ့ လက်တွင်း ကျမသွားဖို့ အစွမ်းကုန် ဆောင်ရွက် သွားမယ်လို့ တူရကီ ဝန်ကြီးချုပ်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ IS အဖွဲ့အပေါ် စစ်ဆင်ရေးမှာ တူရကီ အနေနဲ့ စစ်ရေးအရ ပါဝင်ဖို့ တူရကီ ပါလီမန်က ဆုံးဖြတ်ခဲ့ အပြီးမှာ ဒီလို ပြောခဲ့တာပါ။

လောလောဆယ်မှာတော့ IS ထိုးစစ်ကို ဒေသခံ ကာဒစ်ရှ် တပ်ဖွဲ့တွေက ကြံ့ကြံ့ခံ ခုခံ နေရပြီး မီးခိုးလုံး တွေနဲ့ ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ