ဗြိတိသျှ စုံတွဲ သတ်ဖြတ်မှု တရားခံတွေ ထုတ်ပြ

  • 3 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption လူသတ်မှု ဖြစ်စဉ်ကို ပြန် သရုပ်ဆောင် ပြခိုင်းစဉ်

ဗြိတိသျှ ကမ္ဘာလှည့် စုံတွဲကို သတ်ဖြတ်မှုနဲ့ တရားစွဲ ခံရတဲ့ စောနဲ့ ဝင်း ဆိုတဲ့ မြန်မာ အမျိုးသား ၂ ယောက်ကို ထိုင်း ရဲက သတင်းစာ ရှင်းပွဲမှာ ထုတ်ပြ ခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီး ခန္ဓာကိုယ်က ရတဲ့ ဒီအင်အေ နမူနာနဲ့ ဒီလူ ၂ ယောက် ဒီအင်အေနဲ့ တူညီတယ် လို့လဲ ထိုင်း ရဲ မင်းကြီးက ပြောပါတယ်။

စောနဲ့ ဝင်း ဆိုတဲ့ မြန်မာ အမျိုးသား ၂ ယောက်ကို လူသတ်မှု ဖြစ်ပွားတဲ့ ကိုထောင်း ကျွန်း က ကမ်းခြေကို ဒီကနေ့ ခေါ်သွားပြီး လူသတ်မှုကို ပြန်ပြီး သရုပ်ဆောင် ပြသ ခိုင်းခဲ့ပါတယ်။

ဗြိတိသျှ ကမ္ဘာလှည့် စုံတွဲကို အရင် သီတင်း ၂ ပတ်ကျော်က လုယက် သတ်ဖြတ်မှု၊ မတရား ပြုကျင့်မှု တွေနဲ့ သူတို့ ၂ ယောက်ကို ထိုင်းရဲက တရားစွဲ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ