ယူ​က​ရိန်း အရှေ့​ပိုင်း​အရေး ကန်​နဲ့ ရုရှား ဝန်ကြီး​တွေ စကားပြော

  • 3 အောက်တိုဘာ 2014
john_kerry ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ တိုးမြင့် ဖြစ်ပေါ်လျှက် ရှိနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် စိုးရိမ်မှု ရှိတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နဲ့ ၁၀မိနစ်တာ စကား ပြောဆိုခဲ့တာ မှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဒီလို တိုးမြင့် လာနေတဲ့ တိုက်ခိုက်မှုတွေ ကြောင့်ယူကရိန်း အစိုးရနဲ့ ရုရှ လိုလားသူ ခွဲထွက်ရေး သူပုန်တွေ အကြား လွန်ခဲ့တဲ့ တစ်လနီးပါး ကတည်းက ရယူထားခဲ့ တဲ့ အပစ်ရပ်ဆဲရေး သဘောတူမှု လုံးဝ ကျိုးပျက် သွားနိုင်တဲ့ ဖိအားတွေ ရှိလာရတယ် ဆိုပြီးတော့လည်း မစ္စတာ ကယ်ရီ က ဆိုပါတယ်။

ယူကရိန်း အရှေ့ဘက်ပိုင်း ဒွန်းညက်စ်မြို့ လေဆိပ် ဝန်းကျင်မှာ အစိုးရ တပ်တွေနဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။ ဒါပေမယ့် လေဆိပ် ကို ဘယ် တပ်ဖွဲ့တွေ ဘက်က အပြည့်အဝ ထိန်းချူပ် ထားနိုင်သလဲ ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ယူကရိန်း အရှေ့ဘက်ပိုင်း မှာ ရာသီဥတု အနေနဲ့ အပူချိန်ဟာ ရေခဲ အမှတ်အောက် ကျရောက် နေပြီ ဖြစ်ပြီး၊ ဒီလို အချိန်မှာ တိုက်ပွဲတွေကြောင့် မိမိတို့ အိုးအိမ်တွေ ကို စွန့်ပစ် ထွက်ပြေး လာကြရ တဲ့ ထောင်ပေါင်း များစွာ သော စစ်ဘေး ဒုက္ခသည်တွေ အတွက် အလွန် စိုးရိမ်စရာ ကောင်းတယ် လို့ ယူကရိန်း မြို့တော် ကီးယက်ဗ်မှာ ရှိတဲ့ ဥရောပရဲ့ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OSCE ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ