နောက်တကျော့ ကျင်းပရမယ့် ဘရာဇီး ရွေးကောက်ပွဲ

  • 6 အောက်တိုဘာ 2014
Dilma  Rousseff ဓာတ်ပုံ မူပိုင် EPA
Image caption ဒုတိယ သက်တမ်း ယှဉ်ပြိုင် နေတဲ့ Ms Rousseff

ဘရာဇီး သမ္မတ Dilma Rousseff က တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မဲအများစု ကို ရရှိ ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလကုန်မှာ ကျင်းပမယ့် နောက်တကျော့ ရွေးကောက်ပွဲမှာ လက်ယာ ယိမ်း သမ္မတလောင်း Aecio Neves နဲ့ ထပ်ပြီး ယှဉ်ပြိုင် ရဖို့ ရှိပါတယ်။

ဘရာဇီး အတွက် လုံခြုံရေး ကိစ္စ အရေးကြီးပေမယ့် စီးပွားရေး က ဒီရွေးကောက်ပွဲမှာ စကားပြောတဲ့ ကိစ္စ ဖြစ်တယ်လို့ ဘရာဇီး မဲဆန္ဒရှင် တယောက်က ပြောပါတယ်။

ဒုတိယ သမ္မတ သက်တမ်း အတွက် ယှဉ်ပြိုင် နေတဲ့ Ms. Rousseff က မဲ ၄၁ ရာနှုန်း ရရှိပြီး Mr. Neves က မဲ ၃၄ ရာနှုန်း ရရှိ သွားတာ ဖြစ်ပါတယ်။

မဲ ရာခိုင်နှုန်း ၉ဝ ကျော်ကို ရေတွက် ခဲ့ပြီး ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးဟောင်း Marina Silva ကတော့ မဲ ၂၁ ရာခိုင်နှုန်းပဲ ရရှိ ခဲ့ပါတယ်။

နောက်တကျော့ ရွေးကောက်ပွဲမှာ Neves က Ms. Rousseff အတွက် အဓိက စိန်ခေါ်သူ ဖြစ်လာမယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ