နောက်ထပ် ကန် ဓားစာခံကို လွှတ်ပေးဖို့ မိဘ တွေ တောင်းပန်

Kassig ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ဓားစာခံ Peter Kassig

ဗြိတိသျှ ကယ်ဆယ်ရေး လုပ်သား တယောက် ခေါင်းဖြတ် သတ် ခံရပြီးနောက် အစ္စလာမ္မစ် နိုင်ငံ တပ် တွေက သတ်ပစ်မယ်လို့ ခြိမ်းခြောက် ခံနေရတဲ့ အမေရိကန် ဓားစာခံ Peter Kassig ကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့ မိဘ တွေက တောင်းပန် ခဲ့ကြ ပါတယ်။

နေထွက် လာတာကို IS တပ်တွေ ဘာမှ မလုပ်နိုင် သလိုပဲ သူတို့မှာလဲ အမေရိကန် အစိုးရ မူဝါဒကို ပြောင်းလဲ ထိန်းချုပ် နိုင်တာ မဟုတ်ပါဘူးလို့ မစ္စတာ Kassig ရဲ့ မိသားစု က ဗီဒီယို ကနေ ပြောပါတယ်။

သူတို့သား ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်း ကိုးကွယ် သူမို့ သူ့နာမည်ကို တောင် အဗ္ဗဒူ ရာမန်လို့ ပြောင်းထားသူပါ၊ လူမှု ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေသူ ဖြစ်ပါတယ် လို့လဲ ဆိုပါတယ်။

ဒီအတောအတွင်း ဗြိတိသျှ ကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်း Alan Henning ကို သတ်ဖြတ်ခဲ့သူ တွေကို အစွမ်း ကုန် အင်အားသုံး ရှာဖွေ သွားမယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တုံ့ပြန် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ