ဆီးရီးယား ကိုဘန်နီ မြို့တဝိုက် တိုက်ပွဲတွေ ပြင်းထန်

  • 5 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption တူရကီ ဘက်ကတော့ လုံခြုံရေးကို အထူး စောင့်ကျပ် နေပါတယ်

ဆီးရီးယား နိုင်ငံ တူရကီ နယ်ခြား အနီးက ကိုဘန်နီ မြို့ တဝိုက်မှာ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားနေ ပါတယ်။

ကာ့ဒ် တိုက်ခိုက်ရေး သမားတွေ ဟာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်ရေး သမားတွေရဲ့ ပစ်ကူ ပေးမှုနဲ့ အတူ အစ္စလာမ် အစွန်းရောက် IS စစ်သွေးကြွ တွေရဲ့ အပြင်း အထန် တိုက်ခိုက် မှုတွေကို ပြန်လည် ခုံခံ နေကြတာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ ဆီးရီးယားက ကာ့ဒ် လူမျိုး တွေဟာ ကိုဘန်နီ မြို့ကနေ ထွက်ပြေး လာခဲ့ကြ ပါတယ်။

အဲဓီ နယ်မြေ အနီးမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ပေါက်ကွဲ မှုတွေနဲ့ စက် သေနတ် သံတွေကို အဆက် မပြတ် ကြားနေ ရတယ်လို့ ပြောပါ တယ်။

မြို့စွန် အရှေ့ ဘက်ပိုင်းက အိမ်တွေဆီ ကနေ မီးခိုးလုံးတွေ တက်လာ နေတယ်လို့လည်း သတင်းထောက်က ပြောပါတယ်။

ဒီတိုက်ပွဲ ကတော့ ဒီသတင်းပတ်ထဲ အပြင်းထန်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ