ဟောင်ကောင် ဆန္ဒပြ အင်းအား လျော့ကျ

  • 6 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဆွေးနွေးမှု အဆင်မပြေရင် ဆန္ဒပြသူတွေ ပြန်များလာနိုင်

ဟောင်ကောင် လမ်းမတွေ ပေါ်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေ အရေအတွက် သိသိသာသာ လျော့ကျ သွားပေမယ့် အာဏာပိုင် တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှု တွေမှာ တိုးတက်မှု မရှိခဲ့ရင် ဆန္ဒပြသူတွေ ပြန်ရောက် လာနိုင်ကြောင်း ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

သီတင်း တစ်ပတ်ကျော်ကြာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ဟောင်ကောင်ရဲ့ တချို့ နေရာတွေမှာ ပုံမှန် ပြန်ဖြစ်လာပြီး အစိုးရ ဝန်ထမ်းတွေက လုပ်ငန်းခွင် ပြန်ဝင် ကြသလို စာသင် ကျောင်းတွေလည်း ပြန်ဖွင့် ခဲ့ကြပါတယ်။

ဒါပေမယ့် အခု အခြေအနေဟာ ဆန္ဒပြသူတွေနဲ့ အစိုးရ အရာရှိတွေ ဆွေးနွေး ညှိနှိုင်းဖို့ စီစဉ် နေချိန်မှာ ဗျူဟာအရ ဆုတ်ပေးခဲ့တာ ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင် တွေက ပြောကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လာမယ့် ၂၀၁၇ ဟောင်ကောင် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် သူတွေကို တရုတ် အစိုးရ အလိုကျ ရွေးချယ်မယ့် အစီအစဉ်ကို ဆန္ဒပြသူတွေက ဆန့်ကျင် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ