ကန် အီဘိုလာ လူနာ အခြေအနေ စိုးရိမ်ရ

  • 6 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption Thomas Duncan ရဲ့ အခန်းကို ရှင်းလင်းစဉ်

အမေရိကန် နိုင်ငံသား ပထမဆုံး အီဘိုလာ ရောဂါရှင် Thomas Duncan ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း တက္ကဆက် ပြည်နယ် ဆရာဝန်တွေက ပြောပါတယ်။

ဒဲလက်စ်မြို့ ဆေးရုံမှာ ကုသခံနေတဲ့ မစ္စတာ Thomas Duncan ဟာ သူ့ရဲ့ ဇာတိ လိုင်ဘေးရီးယားက အပြန်မှာ အီဘိုလာ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒဲလက်စ်မြို့က သူနေခဲ့တဲ့ တိုက်ခန်းမှာ နေထိုင်တဲ့ တခြား လူ ၄ ဦးကိုလည်း သီးသန့် ခွဲခြားထားတယ်လို့ ဆိုပါတယ်။

အီဘိုလာ ရောဂါကြောင့် အနောက် အာဖရိကမှာ လူပေါင်း ၃၄၃၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ