အမျိုးသမီး ၁၀၀ နဲ့ သင့်ရဲ့ ရွေးချယ်မှု

  • 7 အောက်တိုဘာ 2014
Image caption ပတ်ဝန်းကျင်ကို တိုးတက် ပြောင်းလဲစေတဲ့ နယ်ပယ်စုံက အမျိုးသမီးတွေကို ပေးပို့နိုင်

သင် လေးစား အားကျရတဲ့ အမျိုးသမီး တွေကို ပြောပြ နိုင်ပါသလား။ ပတ်ဝန်းကျင် ကမ္ဘာကြီးကို တိုးတက် ပြောင်းလဲစေပြီး အဲဒီလို ပြောင်းလဲအောင် လုပ်ဆောင်ဖို့ သင့်ကိုလည်း တွန်းအားပေးတဲ့ အမျိုးသမီးတွေကို ဘီဘီစီက သိလိုပါတယ်။

အခုနှစ် အောက်တိုဘာလ ထဲမှာ ကျင်းပမယ့် ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အစီအစဉ်မှာ ကမ္ဘာ တဝန်းလုံးက အမျိုးသမီးတွေ အတွက် အရေးကြီးတဲ့ အကြောင်းအရာ တွေကို ရွေးချယ် တင်ဆက်မှာ ဖြစ်လို့ အဲဒီ အစီအစဉ် အတွက် သင့်ရဲ့ အကူအညီကို လိုအပ်ပါတယ်။

မနှစ်က ၂၀၁၃ မှာ ဘီဘီစီ လန်ဒန် ရုံးချုပ်မှာ တစ်ရက်တာ ကျင်းပခဲ့တဲ့ အမျိုးသမီး ၁၀၀ အစီအစဉ်မှာလည်း ကမ္ဘာအနှံ့က အမျိုးသမီး ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ဒေသ မျိုးစုံက အမျိုးသမီး တွေရဲ့ နေ့စဉ် ဘဝမှာ ကြုံကြရတဲ့ စွန့်စားရမှု အခက်အခဲ တွေနဲ့ အခွင့်အလမ်းတွေ အကြောင်းကို ဆွေးနွေး စေခဲ့ပါတယ်။

အလားတူ ဒီနှစ်မှာလည်း အမျိုးသမီးတွေ အတွက် ထူးခြားတဲ့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဖြစ်ပေမယ့် ပထမဆုံး အနေနဲ့ သင့် စိတ်ကြိုက် ရွေးချယ်တဲ့ အမျိုးသမီးတွေကို ဘီဘီစီက သိလိုတာ ဖြစ်ပြီး ဘယ် နယ်ပယ်က မဆို ပတ်ဝန်းကျင်ကို ပြောင်းလဲ နိုင်စွမ်းတဲ့ အမျိုးသမီးတွေကို ရွေးချယ် ပေးပို့ဖို့ ဖိတ်ခေါ် အပ်ပါတယ်။

ဝန်းကျင် ကမ္ဘာကြီးကို တိုးတက် ပြောင်းလဲစေသူ လို့ သင် ယူဆတဲ့ အမျိုးသမီးတွေရဲ့ အချက်အလက် တွေကို haveyoursay@bbc.co.uk က တဆင့် အီးမေးလ် ပေးပို့နိုင်သလို သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း yourpics@bbc.co.uk က တဆင့် ပေးပို့ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ