ကိုဘာနီမြို့ကို အစ္စလာမ် နိုင်ငံအဖွဲ့က တိုက်ခိုက်

  • 7 အောက်တိုဘာ 2014
Kobane ဓာတ်ပုံ မူပိုင် AFP
Image caption အိုက်အက်စ် အဖွဲ့တွေ ကိုဘာနီမြို့ထဲ ဝင်ရောက်

အိုင်အက်စ် အစ္စလာမ် တပ်ဖွဲ့ တွေ ဟာ ဆီးရီးယား ကာ့ဒ်စ် တွေရဲ့ ကိုဘာနီ မြို့ ကို ၃ ပတ် ကြာအောင် ဝိုင်း ပြီးတိုက်ခဲ့ရာက အခုတော့ မြို့တွင်း ဝင်နိုင်သွား လို့ ကာ့ဒ်စ် တပ်ဖွဲ့တွေ နဲ့ လမ်းမတွေ ထက်မှာ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။

အိုင်အက်စ် တပ်ဖွဲ့ က မြို့ အရှေ့ဘက် ဆင်ခြေဖုံး အရပ်မှာ သူတို့ အဖွဲ့ရဲ့ အလံ အနက်တွေ လွှင့်ထူလိုက် အပြီး၊ မြို့တွင်း ရပ်ကွက် ၃ ခု မှာ တိုက်ပွဲ တွေ ဖြစ်ကြောင်း၊ ကာ့ဒ်စ် အဖွဲ့ အမျိုးသမီး အရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

ကာ့ဒ်စ် တပ်ဖွဲ့တွေ ဟာ လက်နက်ငယ်တွေ နဲ့ ခုခံနေရတဲ့ အတွက်၊ လက်နက်ကြီး တွေ နဲ့ တိုက်ခိုက်နေတဲ့ အိုင်အက်စ် ကို အမေရိကန် ဉီးဆောင်တဲ့ တပ်တွေ အနေနဲ့ လေကြောင်း က စစ်ကူ တိုက်မပေးရင်၊ အစုလိုက် သေဘွယ်ရာ ရှိကြောင်း လည်း သတိပေးလိုက်ပါတယ်။

ထရပ်ကားတွေ နဲ့ သူနာပြု ယာဉ်တွေ ဟာ ရာနဲ့ ချီတဲ့ ဒဏ်ရာရ အရပ်သားတွေ နဲ့ တပ်သားတွေ ကိုပါ အနီးက တူရကီ နယ်စပ် ဘေးလွတ်ရာ ဆီ သယ်ဆောင်သွားတာ ကို မြင်နေရပါတယ်။

တူရကီတင့်ကားတွေဟာ ကိုဘန်းနီနယ်စပ်မှာ တန်းစီနေရာယူထားပြီး ကိုဘန်းနီဘက်ကို တင့်ကားအမြှောက်တွေနဲ့ ချိန်ရွယ်ထားပါတယ်။

ကိုဘန်းနီကို အိုက်ဇစ်လက်အောက်မကျစေရဘူးလို့ တူရကီက ကတိပေးထားပါတယ်။ ဒါပေမဲ့ ခုထိတော့ အိုက်ဇစ်တွေကို ဟန့်တားတာမျိုး ဘာမှ လုပ်တာ မတွေ့ရသေးပါဘူး။