ကိုဘာနီ မြို့ကို IS အဖွဲ့ ဆက်လက် တိုက်ခိုက်

  • 7 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဘာနီမြို့ IS လက်တွင်း ကျဖို့ အလားအလာ များနေ

ဆီးရီးယား နိုင်ငံ တူရကီ နယ်စပ် အနီးက ကိုဘာနီမြို့ တောင်ပိုင်းကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေ ဝင်ရောက် လာနိုင် ပြီးနောက် ကာ့ဒ် တပ်ဖွဲ့ တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

ကာ့ဒ် တပ်ဖွဲ့တွေကို ကူညီဖို့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှု တွေလည်း လုပ်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် တို့ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေဟာ ကိုဘာနီမြို့ IS လက်တွင်း ကျမသွားဖို့အတွက် မလုံလောက်ကြောင်း တူရကီ သမ္မတက သတိပေးလိုက်ပါတယ်။

ကိုဘာနီ မြို့ကို IS အဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ သီတင်း ၃ ပတ် ရှိသွားပြီး ဒီအတောအတွင်း လူ ၄၀၀ ကျော် သေဆုံးကာ လူ ၁ သိန်း ၆သောင်း ထွက်ပြေး ခဲ့ကြရတယ်လို့ စောင့်ကြည့် သူတွေက ပြောပါတယ်။

မြို့ထဲက ထောင်နဲ့ ချီတဲ့ လက်ကျန် အရပ်သားတွေကို ကယ်ထုတ်ဖို့ အတွက်လည်း ကူညီ ဆောင်ရွက်မှုတွေ ပြုလုပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ