ရူပဗေဒ နိုဘယ်ဆု ဂျပန် ၃ ဦး ရရှိ

  • 7 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရူပဗေဒ နိုဘယ်ဆု ပူးတွဲရသူ ဂျပန် ပညာရှင် ၃ ဦး

၂၀၁၄ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် အလင်းထွက်တဲ့ LED အလင်းထုတ် ပစ္စည်းကို တီထွင်ခဲ့သူ ဂျပန် သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲ ရရှိသွား ပါတယ်။

သူတို့ထဲက ၂ ဦးကတော့ ဂျပန်နိုင်ငံ နာဂိုရာ တက္ကသိုလ်က Isamu Akasaki နဲ့ Hiroshi Amano တို့ဖြစ်ပြီး၊ ကျန်တဦး ကတော့ ကယ်လီ ဖိုနီးယား တက္ကသိုလ်က ဂျပန် နွယ်ဖွား အမေရိကန် Shuji Nakamura တို့ ဖြစ်ပါတယ်။

ပါမောက္ခ အီဆာမူ အကာဆာကီ၊ ဟီရိုရှီ အမာနို နဲ့ ရှူဂျီ နာကာမူရာ တို့ ၃ ဦးဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ အပြာရောင် အလင်းထွက်တဲ့ ပထမဆုံး LED ကို တီထွင် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ အချိန်က ရှိနှင့်ပြီး ဖြစ်တဲ့ အနီရောင်နဲ့ အစိမ်းရောင် LED အလင်းထုတ် ပစ္စည်းတွေကို သူတို့ တီထွင်ခဲ့တဲ့ အပြာရောင် LED နဲ့ ပေါင်းစပ်ပြီး စွမ်းအင် သက်သာတဲ့ အဖြူရောင် LED မီးလုံးတွေ တစ်ခေတ်ဆန်း ထွက်ပေါ် လာနိုင်ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ ရှိတဲ့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မီတီက ဒီဆုကို ကြေညာခဲ့တာ ဖြစ်ပြီး ဆုငွေ ကတော့ ဒေါ်လာ ၁ သန်းကျော် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ