ရှေးအကျဆုံး ပန်းချီလက်ရာတွေ အင်ဒိုနီးရှားမှာ တွေ့

  • 9 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် maxime aubert
Image caption ဒီလို ရှေးကျတဲ့ ပန်းချီ လက်ရာမျိုးတွေကို ဥရောပမှာသာ တွေ့ခဲ့ရ

လှိုဏ်ဂူ နံရံတွေပေါ်မှာ လူတွေ ရေးဆွဲတဲ့ ရှေးအကျဆုံး ပန်းချီ လက်ရာတချို့ကို အင်ဒိုနီးရှားနိုင်ငံ ဆူလဝက်ဆီကျွန်းပေါ်မှာ ထုတ်ဖေါ် တွေ့ရှိခဲ့ပါတယ်။

အရင်က ဒီလို ရှေးကျတဲ့ ပန်းချီလက်ရာမျိုးကို စပိန်နဲ့ ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာသာ တွေ့ခဲ့ဖူးပြီး ပန်းချီ အနုပညာဟာ ဥရောပကစတယ်လို့ ယူဆထား ချက်တွေဟာ ဒီတွေ့ရှိမှုကြောင့် အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။

အခုတွေ့ရှိခဲ့တဲ့ ပန်းချီလက်ရာတွေမှာ ခွာပါတဲ့ တောရိုင်း တိရိစ္ဆာန်တွေရဲ့ ပုံတွေ အသေးစိတ် ပါဝင်ပြီး လှိုဏ်ဂူ နံရံပေါ်မှာ လက်ဖဝါးကို ဖိ၊ လက်ဖဝါး တဝိုက် ပန်းချီဆေးတွေကို ပါးစပ်နဲ့ မှုတ် ပုံဖော် ရေးဆွဲထားတာ ဖြစ်ပါတယ်။

ရေဒီယို သတ္တိကြွ ကာဘွန်ဒြပ်နဲ့ စမ်းသပ် ရှာဖွေခဲ့မှုအရ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးလို့ ယူဆရတဲ့ ဒီပန်းချီမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄သောင်း နီးပါးလောက်က ရေးဆွဲခဲ့တာလို့ တွေ့ရှိရပါတယ်။

အခု ရှာဖွေ တွေ့ရှိမှုအရ ပန်းချီ အနုပညာဟာ ကမ္ဘာတဝှမ်း နေရာအနှံ့အပြားမှာ သီးခြား လွတ်လပ်စွာ ပေါ်ထွန်းခဲ့တယ်လို့ ယူဆနိုင်သလို ဒါမှမဟုတ် ဒီပန်းချီ အနုပညာကို နှစ်ပေါင်း သောင်းပေါင်းများစွာ စောပြီး အာဖရိကဒေသကနေ ထွက်ခွာလာခဲ့တဲ့ ပထမဆုံး ခေတ်မီ လူသားတွေက သယ်လာပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။