ICC ခုံရုံးမှာ ကင်ညာ သမ္မတ ကြားနာ

  • 8 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ICC တရားရုံးမှာ ကင်ညာ သမ္မတ အမှုရင်ဆိုင်

ကင်ညာ သမ္မတ အူဟူရူ ကန်ရက်တာ Uhuru Kenyatta ဟာ လူသားတွေ အပေါ် ရက်စက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေကို ရင်ဆိုင်ဖို့ ICC နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ရှေ့မှောက်ကို ရောက်လာပြီး အမှု ရင်ဆိုင်ခဲ့ပါတယ်။

ဒါကြောင့် သူဟာ သည်ဟေ့ဂ်မြို့က ICC တရားရုံးကို ရောက်လာတဲ့ ပထမဆုံး နိုင်ငံ အကြီးအကဲ ဖြစ်လာပါတယ်။

၂၀၀၇ ခုနှစ် ကင်ညာ ရွေးကောက်ပွဲလွန် ကာလမှာ ဖြစ်ခဲ့တဲ့ လူ ၁၀၀၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက်မှု တွေမှာ သူ့ရဲ့ ပါဝင် ပတ်သက်ခဲ့မှု အတွက် စွဲချက်တင် ခံထားရတာ ဖြစ်ပြီး မစ္စတာ ကန်ရက်တာ ကတော့ စွဲချက်တွေကို ငြင်းဆိုပါတယ်။

အမှု ဖော်ထုတ်ရေးကို နှောင့်နှေးအောင် ကင်ညာ အစိုးရက လုပ်ဆောင် နေတယ်လို့ တရားလို ရှေ့နေတွေက စွပ်စွဲ လိုက်သလို အမှုအတွက် အရေးကြီးတဲ့ အထောက်အထား တွေကို ကင်ညာ အစိုးရက လွှဲပြောင်း ပေးလာချိန် အထိ အမှုကို ရွှေ့ဆိုင်းထားမှာ ဖြစ်တယ်လို့ တရားလို ရှေ့နေတွေက ပြောခဲ့ပါတယ်။

မစ္စတာ ကန်ရက်တာ အတွက် ခုခံသူတွေ ကတော့ တရားလိုတွေ အနေနဲ့ သက်သေ အထောက်အထားတွေ မပြနိုင်တာကြောင့် ကြားနာ စစ်ဆေးမှု ခံယူဖို့ မသင့်ကြောင်း ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ