ရေနံတင် သင်္ဘော ပျောက်မှု ဓားပြ လက်ချက် ဖြစ်နိုင်

  • 8 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption စင်ကာပူ ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ ရေနံတင် သင်္ဘော တစီး

တောင်တရုတ် ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ တပတ်က ပျောက်သွားတဲ့ ဗီယက်နမ် ရေနံတင် သင်္ဘောဟာ ပင်လယ် ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံရတာ ဖြစ်နိုင်ကြောင်း ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

သင်္ဘော ပျောက်ဆုံး နေတာဟာ ရာသီဥတုကြောင့် ဒါမှမဟုတ် စက် ချို့ယွင်းမှုကြောင့် ဆိုတဲ့ ဖြစ်နိုင်ခြေ တွေကိုလည်း အရာရှိတွေက ပယ်ချပါတယ်။

ဗီယက်နမ် နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Sunrise 689 ဆိုတဲ့ သင်္ဘောဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဓာတ်ဆီ တန်ချိန် ၅ ထောင်ကျော် တင်ဆောင်ပြီး စင်ကာပူ နိုင်ငံကနေ ထွက်ခွာ လာတာ ဖြစ်ပါတယ်။

အဲဒီနောက် မိနစ် ၄၀ လောက် အကြာမှာ သင်္ဘောနဲ့ အဆက် အသွယ် ပြတ်သွား ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တောင် အာရှမှာ ရေနံတင် သင်္ဘောတွေနဲ့ ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထားတဲ့ ပင်လယ် ဓားပြတွေ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ သိသိ သာသာ များပြား လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ