လန်ဒန် လေဆိပ်ကြီး တွေမှာ အီဘိုလာကို တိုးမြှင့် စစ်ဆေးမယ်

ebola ဓာတ်ပုံ မူပိုင် AP
Image caption လေကြောင်းက ရောဂါ ကူးစက်မှုကို ထိန်းချုပ်လို

လန်ဒန်က အဓိက လေဆိပ်ကြီး ၂ ခု ဖြစ်တဲ့ ဟီးသရိုးနဲ့ ဂတ်တဝစ် လေဆိပ် တွေမှာ အီဘိုလာ ဗိုင်းရပ်စ် ပိုး ရှိမရှိ ခရီးသည် တွေကို တိုးမြှင့် စစ်ဆေး တော့မယ် လို့ ဗြိတိသျှ အစိုးရက ကြေညာ လိုက်ပါတယ်။

ဗြိတိန် ကနေ ဥရောပကို သွားတဲ့ ယူရိုစတား မီးရထား ဘူတာ ရုံ မှာလဲ ဒီလို စစ်ဆေးမှု တွေ လုပ်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ ကနေဒါ က အဓိက လေဆိပ်ကြီး တွေ မှာလဲ အလားတူ စစ်ဆေးမှု တွေ လုပ်မယ်လို့ ကြေညာ ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လဲ အမေရိက ကို အနောက် အာဖရိကက သွားတဲ့ လေကြောင်း အများစုဟာ ဥရောပက တဆင့် လာကြတာ ဖြစ်ပါတယ်။

တခြား နိုင်ငံ တွေက နိုင်ငံတကာ လေဆိပ်ကြီး တွေမှာလဲ ဒီလို ရောဂါ စစ်ဆေးမှုတွေ လုပ်သင့်ပြီလို့ အမေရိကန် အမိမြေ လုံခြုံရေး ဌာန ဝန်ကြီး က ပြောကြား ခဲ့ပါတယ်။

နယူးယော့ မြို့က လဂွားဒီးယား လေဆိပ် မှာတော့ ရောဂါ ကာကွယ်ရေး အတွက် လိုအပ်တဲ့ လက်အိတ်နဲ့ မျက်နှာဖုံး အကာအကွယ်တွေ မရှိဘဲ လေယာဉ် တွေကို သန့်ရှင်းရေး လုပ်ရင် ရောဂါ ကူးစက် နိုင်ပါတယ် ဆိုပြီး သန့်ရှင်းရေး လုပ်သား ၂ဝဝ လောက်က ဆန္ဒပြ ခဲ့ကြပါတယ်။

အီဘိုလာ ရောဂါ စတင် ကူးစက် ပြန့်ပွားခဲ့တဲ့ ဂင်နီ နိုင်ငံ Conakry မြို့တော် မှာ ရောဂါ ကူးစက်မှု နှုန်း ကြောက်ခမန်း လိလိ တိုးပွား နေတယ်လို့ M-S-F နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

လူနာ အသစ် တွေ့ရှိ မှု တွေဟာ ဒီနိုင်ငံ ဆေးရုံတွေက လက်ခံ ကုသပေး နိုင်တဲ့ အမြင့်ဆုံး ပမာဏ ကို ရောက်နေပြီလို့လဲ M-S-F အဖွဲ့က ပြောပါတယ်။

အီဘိုလာ ကူးစက်မှု အဆိုးဆုံး ၃ နိုင်ငံက မြို့တော် တွေမှာ ဒီရောဂါ အရှိန်အဟုန်နဲ့ ကူးစက် ပြန့်ပွား နေပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ဒုတိယ အကြီးအကဲ Bruce Aylward က ပြောဆို သတိပေး သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ