အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် သတိပေး

  • 9 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယ ပါကစ္စတန် နယ်စပ်က ပါကစ္စတန် အစောင့် တပ်သားတွေ

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံ တဖက်စီ ပိုင်ဆိုင်တဲ့ ကက်ရှ်မီးယား ဒေသမှာ အကြမ်းဖက်မှုတွေ ၄ ရက်ကြာ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၉ ဦး သေးဆုံး ခဲ့ရပြီး နောက်မှာ ပြင်းထန်းတဲ့ စကားလုံးတွေနဲ့ ၂ နိုင်ငံ အပြန်အလှန် သတိပေး ခဲ့ကြပါတယ်။

ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး Khawaja Asif က အိန္ဒိယရဲ့ ရန်လိုမှုတွေကို ထိုက်သင့်သလို တုံ့ပြန် သွားရ လိမ့်မယ်လို့ ပြောသလို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ သူတို့ ၂ နိုင်ငံ အနေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်စေချင်ဘူးလို့လည်း ပြောပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးကလည်း ပါကစတန် အနေနဲ့ ဆက်လက် စွန့်စားခန်း ဖွင့်နေမယ် ဆိုရင် သူတို့ မတတ်နိုင်တဲ့ အခြေအနေနဲ့ ပြန်လည် ပေးဆပ်ရ လိမ့်မယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယား ဒေသက အကြမ်းဖက်မှုတွေ စတင်ပုံနဲ့ ပတ်သက်ပြီးလည်း နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ