ရုရှ တပ်တွေ တပ်စခန်း ပြန်ဖို့ ပူတင် အမိန့်ထုတ်

  • 11 အောက်တိုဘာ 2014
putin ukraine ဓာတ်ပုံ မူပိုင် AFP
Image caption သောကြာနေ့မှာ ၂ နိုင်ငံ သမ္မတတွေ ဆွေးနွေးမယ်

ယူကရိန်း နယ်စပ်မှာ စစ်ရေး လေ့ကျင့် နေတဲ့ ထောင်နဲ့ချီတဲ့ ရုရှ တပ်တွေကို သူတို့ တပ်စခန်း တွေကို ပြန်ဖို့ သမ္မတ ပူတင် က အမိန့် ထုတ် လိုက်ပါတယ်။

Rostov နယ်မြေမှာ စစ်ရေး လေ့ကျင့်နေတဲ့ ရုရှ တပ်သား တသောင်း ၇ ထောင် ၆ ရာ အတွက် ဒီအမိန့်ကို ထုတ်တာလို့ ပူတင်ရဲ့ ပြောခွင့်ရ Dmitry Peskov က သတင်းထောက် တွေကို ပြောပါတယ်။

ရုရှနဲ့ ယူကရိန်း အစိုးရ တွေကြား တင်းမာ ရန်စောင် နေကြတဲ့ သြဂုတ် လတွေတုန်းက နယ်စပ်မှာ ရုရှ တပ်တွေ အမြောက်အများ ချထားခဲ့လို့ စိုးရိမ် ပူပန်ကြောင်း နေတိုးက ပြောကြား ခဲ့ပါတယ်။

မစ္စတာ ပူတင်က ဒီလို တပ်ရုပ်ဖို့ မေလ တုန်းက အမိန့်ထုတ် ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်တမ်း တပ်ရုပ်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ နေတိုးက ပြောကြား ခဲ့ပါတယ်။

အီတလီ နိုင်ငံ မီလန် မြို့မှာ သောကြာနေ့မှာ ကျင်းပမယ့် ၂ နိုင်ငံ သမ္မတတွေ ဆွေးနွေးပွဲ မတိုင်ခင် ဒီလို တပ်တချို့ကို ရုပ်ဖို့ အမိန့် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ