ကိုဘာနီမြို့ကို အိုင်အက်စ်တွေ သိမ်းလုနီးနေ

  • 11 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်အက္စ်တွေ လက်ထဲ ကျလုနီးနေတဲ့ ကိုဘာနီမြို့

အိုင်အက်စ် အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ တူရကီကို သွားတဲ့ နယ်စပ် ဖြတ်လမ်းကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆီရီးယား နယ်စပ်က ကိုဘာနီမြို့ကို ကာကွယ် နေတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

အိုင်အက်စ်တွေဟာ အဘက်ဘက်က တိုက်ခိုက်ပြီး မြို့ကို ဝိုင်းဖို့ ကြိုးစားခဲ့ပြီး အခုအချိန်အထိ တော့ အရှေ့ပိုင်းမှာ ကားဗုံးတွေသုံးတိုက်လို့ ရှေ့တိုး နိုင်ခဲ့တာ တချို့ရှိတယ်လို့ ကာ့ဒ် အရာရှိ Mr. Khalid Berkel က ပြောပါတယ်။

ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့ တွေက လက်နက်ခဲယမ်းနဲ့ လက်နက်ကြီးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

ကိုဘာနီမြို့မှာ ထောင်နဲ့ချီတဲ့ လူတွေ ပိတ်မိနေပြီး မြို့သာ အိုင်အက်စ် တွေလက်ထဲ ကျသွားရင် အစုလိုက် အပြုံလိုက် အသတ်ခံရနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေးနေပါတယ်။