အမေရိကန်က ဆေးဝန်ထမ်း အီဘိုလာ ကူးစက်

  • 12 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီဘိုလာ ကူးစက် ခံရသူ သောမတ်စ် ဒန်ကန် ကို ပြုစုရင်း ကူးစက် ခံလိုက် ရတာ ဖြစ်ပါ တယ်

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ကျန်းမာရေး ဝန်ထမ်း တဦးမှာ အီဘိုလာ ကူးစက် ခံလိုက် ရပြီလို့ အရာရှိ တွေက အတည်ပြု ပြောကြား ပါတယ်။

အရင် သေဆုံး သွာပြီ ဖြစ်တဲ့ လိုက်ဘေးရီးယားက ပြန်လာတဲ့ အီဘိုလာ ကူးစက် ခံရသူ သောမတ်စ် ဒန်ကန်ကို ဒါးလက်စ်မြို့မှာ ပြုစုရင်း ကူးစက် ခံလိုက် ရတာ ဖြစ်ပါ တယ်။

အမည် ဖေါ်ပြခြင်း မရှိသေးတဲ့ ဒီ ကူးစက် ခံရသူ ကျန်းမာရေး ဝန်ထမ်းကို နောက်ထပ် စမ်းသပ် စစ်ဆေး မှုတွေ ဆောင်ရွက် နေတယ်လို့ တက္ကဆက် အာဏာပိုင် တွေက ပြောပါတယ်။

အခု ကူးစက် ခံရမှုဟာ အနောက် အာဖရိက ဒေသ အပြင်ဘက်မှာ ဒုတိယမြောက် ကူးစက် ခံရသူ ဖြစ်ပါတယ်။

ပထမ ကူးစက် ခံရသူ ကတော့ စပိန်က ဖြစ်ပြီး အဲဒီ သူနာပြု အမျိုး သမီး ကတော့ အခု ပြန်ပြီး သက်သာ လာပြီ လို့ သိရပါတယ်။

အနောက် အာဖရိက ဒေသမှာ အီဘိုလာ ဗိုင်းရပ်စ် ပျံ့ပွား ကူးစက် မှုကြောင့် လူပေါင်း ၄ ထောင်ကျော် အသက် ဆုံးရှုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဆီးရီးယာ လီယွန်း နိုင်ငံမှာလည်း မြို့တော် ဖရီတောင်းမှာ ဆေးကုသ ပေးနေရတဲ့ အီဘိုလာ လူနာ တွေဟာ ပထမဆုံး ရောဂါ စတွေ့တဲ့ နိုင်ငံ အရှေ့ပိုင်း က ထက်ကို ပိုများ လာနေ တယ်လို့ ဆီရီယာ လီယွန်း ကျန်းမာရေး အရာရှိ တွေက ပြောပါတယ်။

ဖရီးတောင်း မြို့မှာ စိုးရိမ် မှုတွေ ရှိ နေတယ် လို့လည်း အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ