လိုင်ဘေးရီးယား ဆေးဝန်ထမ်းတွေ သပိတ်မှောက်မယ်

ဓာတ်ပုံ မူပိုင် epa
Image caption အီဘိုလာကြောင့် လူ ၄၀၀၀ ကျော် သေဆုံးပြီး ဖြစ်

အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားနေတဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ သူနာပြုတွေနဲ့ ဆေးဝန်ထမ်း တွေက နိုင်ငံတဝန်း သပိတ် ဆင်နွှဲဖို့ လှုံ့ဆော်မှုတွေ ရှိနေရာမှာ အချို့ ဆေးဝန်ထမ်းတွေ ကတော့ အလုပ် ဆက်ဆင်း နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီဘိုလာ ရောဂါသည်တွေကို ကုသမှု ပေးနေရတဲ့ သူနာပြုနဲ့ ဆေးဝန်ထမ်း တွေ အနေနဲ့ ကျန်းမာရေး အန္တရာယ် ရှိတဲ့ အတွက် သူတို့ကို လစာ ပိုပေးဖို့နဲ့ ကာကွယ်ရေး ကိရိယာတွေ ပိုပေးဖို့ လိုင်ဘေးရီးယား ကျန်းမာရေး လုပ်သားများ အသင်းက တောင်းဆိုထားပြီး နိုင်ငံ တဝန်း သပိတ် ဆင်နွှဲမယ်ဖို့ ခြိမ်းခြောက် ထားတာ ဖြစ်ပါတယ်။

အချို့ ကျန်းမာရေး လုပ်သားတွေ ကတော့ သပိတ် ဆင်နွှဲဖို့ ရည်ရွယ်ထားဆဲ ဖြစ်တယ်လို့ လိုင်ဘေးရီးယားက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လိုက်ဘေးရီးယား နိုင်ငံဟာ အီဘိုလာ ရောဂါ ပြန့်ပွားမှု အဆိုးရွားဆုံး ထိခိုက်ရာ နိုင်ငံဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်း ၉၅ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အီဘိုလာ ရောဂါကြောင့် လိုင်ဘေးရီးယား၊ ဆီရီယာ လီယွန်း၊ ဂီနီနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်း သေဆုံးသူ ၄၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ