ကင်ဂျုံအန်း ကျန်းမာကြောင်း သံအမတ် ပြော

  • 13 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အများရှေ့ မမြင်ရတာ တကိုယ်ရေ မအီမသာ ဖြစ်လို့ပါလို့ ဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ အပြင်းအထန် နေမကောင်း ဖြစ်နေ နိုင်တယ်လို့ နိုင်ငံတကာက ခန့်မှန်း ပြောဆို နေကြပေမယ့် သူ ကျန်းကျန်း မာမာ ရှိနေကြောင်း လန်ဒန်က ဗြိတိန်နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက အခိုင်အမာ ပြောပါတယ်။

မစ္စတာ ကင်ဂျုန်အန်းကို အများ ရှေ့မှာ မမြင်ရတာ တစ်လ ကြာသွားပြီ ဖြစ်ပါတယ်။

လန်ဒန်မှာ ရှိတဲ့ မြောက်ကိုရီးယား သံအမတ်ကြီး Hyon Hak Bong က ဘီဘီစီနဲ့ အပြန်အလှန် အီးမေးလ် ဆက်သွယ်ရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး မြောက် ကိုရီးယားရဲ့ လူ့အခွင့် အရေး ချိုးဖောက် မှုတွေကိုလည်း သူက ကာကွယ် ပြောဆိုခဲ့ပါတယ်။

မစ္စတာ Hyon က ပြောဆိုရာမှာ သူ့နိုင်ငံတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိကြောင်းနဲ့ သူ့အခေါ် စာရိတ္တ ပြုပြင်ရေးအတွက် ထားရှိတဲ့ အဖွဲ့အစည်းတွေဟာ အလုပ်ကြမ်း စခန်း labour camps တွေ မဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ကုလ သမဂ္ဂ ကတော့ မြောက်ကိုရီးယားကို လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ အခုနှစ် အစောပိုင်းက စွပ်စွဲထားပြီး အဲဒီ စွပ်စွဲချက်တွေ ထဲမှာ စနစ်တကျ သုတ်သင်မှု၊ ညှဉ်းပမ်း နှိပ်စက်မှု၊ အဓမ္မ ပြုကျင့်မှု၊ အတင်းအကျပ် ကိုယ်ဝန် ပျက်ကျစေမှုနဲ့ အစာရေစာ ငတ်ပြတ်စေမှု စတဲ့ အမှုတွေ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ