ကိုဘာနီမြို့မှာ ကာ့ဒ်တွေ အသာစီး ရလာ

  • 14 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကာ့ဒ်တွေ အသားစီးရ

တူရကီ နယ်စပ် အနီး ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ အနောက်ဘက်က စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်း တစ်ခုကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွ တွေရဲ့ လက်တွင်းကနေ ကာ့ဒ် တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက် လိုက်နိုင်ပြီလို့ သိရပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်အပြီးမှာ ကာ့ဒ် တပ်ဖွဲ့တွေ ဘက်က အသာစီး ရခဲ့တာလို့ ဆိုပါတယ်။

ဒီတောင်ကုန်းကို IS စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၁၀ ရက်ကျော်ကတည်းက သိမ်းပိုက် ထားခဲ့တာ ဖြစ်ပြီး ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ဖို့ တစ်လကြာ တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံပေါင်း ၂၀ ကျော်က စစ်ဘက် အကြီးအကဲတွေနဲ့ ဝါရှင်တန်မှာ တွေ့ဆုံပြီး ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS တပ်ဖွဲ့တွေကို ဘယ်လို နှိမ်နင်းမလဲ ဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ