ကျောင်းသူ ၂၀၀ ကျော် အဖမ်းခံရမှု ၆ လ ပြည့်ပြီ

  • 14 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မိန်းကလေးတွေ ဖမ်းဆီးခံရမှု အတွက် ကန့်ကွက် ဆန္ဒပြ

နိုင်ဂျီးရီးယား နိုင်ငံမှာ ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကို ဟာရမ် စစ်သွေးကြွ တွေက ဖမ်းဆီး သွားခဲ့တဲ့ ၆ လပြည့် အထိမ်းအမှတ် အဖြစ် မိန်းကလေးတွေ လွတ်မြောက်ရေး တောင်းဆို လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရ အနေနဲ့ မိန်းကလေး တွေကို ကယ်တင်ဖို့ ပျက်ကွက် ခဲ့ရုံသာမက သူတို့ အတွက် စိုးရိမ် ပူပန်တယ် ဆိုတာတောင် မပြသ ခဲ့ကြဘူးလို့ လှုပ်ရှားသူတွေက ပြောပါတယ်။

မိန်ကလေး တွေရဲ့ မိဘတွေ ကလည်း သူတို့ သမီးတွေ မကြာခင် အိမ်ပြန် လာကြမှာပါ ဆိုတဲ့ ကောလဟာလ တွေနဲ့ လက်တွေ့ မလုပ်တဲ့ ကတိစကားတွေသာ ကြားနေခဲ့ကြရတယ်လို့ ဘီဘီစီကို ပြောပါတယ်။ မိဘတွေ အနေနဲ့ အစိုးရဘက်က သတင်းကို ကြားရသင့်တယ်လို့ သူတို့ လွတ်မြောက်ရေး လှုပ်ရှားသူ Yemi Adamolekun က ပြောပါတယ်။

မိန်းကလေးတွေကို ဖမ်းသွားတဲ့ အချိန်က သူတို့ ကံကြမ္မာနဲ့ ပတ်သက်ပြီး လူအများက အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။

လူမှုကွန်ရက် စာမျက်နှာ တွေမှာလည်း မိန်းကလေးတွေ လွတ်မြောက်ရေး အတွက် လူသိထင်ရှား လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီ နောက်ပိုင်းမှာလည်း မိန်းကလေး အတော်များများ ထပ်မံ ဖမ်းဆီး ခံခဲ့ကြရပါတယ်။

နိုင်ဂျီးရီးယား အစိုးရကတော့ သူတို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ