ကင်မ် ဂျုန် အန်း လူရှေ့ထွက်လာ

  • 14 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရက်ပေါင်း ၄၀လောက် ပျောက်နေတဲ့ ကင်မ် ဂျုန် အန်းရဲ့ ကျန်းမာရေး အခြေအနေကို အမျိုးမျိုး ထင်ကြေးပေး ပြောနေကြ

လူမြင်ကွင်းကနေ ပျောက်နေခဲ့တဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန် အန်း အိမ်ယာ တိုက်ခန်းသစ်တွေနဲ့ သိပ္ပံ အကယ်ဒမီ ကျောင်းတခုကို လာရောက်ကြည့်ရှု နေပုံကို မြောက်ကိုးရီးယား အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။

ဒါဟာ ရက်ပေါင်း ၄၀အတွင်း ပထမဆုံးအကြိမ် ကင်မ် ဂျုန် အန်း လူထု ရှေ့မှောက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာတွေကို ဘယ်အချိန်မှာ လာရောက် ကြည့်ရှုခဲ့တာလဲဆိုတာ ထည့်သွင်း မပြောခဲ့ပေမယ့် ကင်မ် ဂျုန် အန်း ဟာ သိပ္ပံ ကျောင်းသားသစ်ကလေးတွေကို ကွင်းဆင်း ညွှန်ကြားမှုတွေ ပေးခဲ့တယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားပါတယ်။

အသက် ၃၁နှစ်အရွယ် ကင်မ် ဂျုန် အန်းကို လူထု ရှေ့မှောက် မတွေ့ရတာဟာ နာမကျန်း ဖြစ်နေလို့ ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကင်မ် ဂျုန် အန်း ကျန်းကျန်းမာမာ ရှိနေပါတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုးရီးယား သံအမတ်ကြီးက ဘီဘီစီကို ပြောခဲ့အပြီး တရက်အကြာမှာပဲ ကင်မ် ဂျုန် အန်း အခုလို လူတွေရှေ့ ထွက်လာတာ ဖြစ်ပါတယ်။