ကန် ဆေးဝန်ထမ်း နောက်တစ်ဦး အီဘိုလာ ကူးစက်

  • 15 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ကူးစက်ခံရသူ နှစ်ဦးလုံးဟာ သေဆုံးသွားတဲ့ Thomas Duncan ကို ဒဲလက်စ်မြို့ ဆေးရုံမှာ ပြုစုပေးခဲ့

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း တစ်ဦး အီဘိုလာ ထပ်မံ ကူးစက် ခံခဲ့ရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ အပတ်က အီဘိုလာနဲ့ သေဆုံးသွားတဲ့ Thomas Duncan ကို ပြုစု ပေးခဲ့တဲ့ ဒဲလက်စ်မြို့ ဆေးရုံက ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ Thomas Duncan ဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါရှင် ဖြစ်ပြီး သူ့ကို ပြုစု ပေးခဲ့တဲ့ ပထမ သူနာပြု တစ်ဦး ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က အီဘိုလာ ကူးစက် ခံခဲ့ရပါတယ်။

သမ္မတ အိုဘားမားက အီဘိုလာ ကပ်ဘေး တိုက်ဖျက်ရေး ဆွေးနွေးဖို့အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ ခေါင်းဆောင် တွေနဲ့ အမေရိကန် အချိန် ဒီနေ့ ညနေပိုင်းမှာ ဗီဒီယို ကွန်ဖရင့် ပြုလုပ်ဖို့ ရှိပါတယ်။

အီဘိုလာ ရောဂါကြောင့် အခု အချိန်အထိ လူ ၄၄၄၇ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး ဌာန WHO က ဆိုပါတယ်။

၂၀၁၃ ဒီဇင်ဘာလက စပြီး ပြန်လည် ကူးစက် ပြန့်ပွားလာခဲ့တဲ့ အီဘိုလာ ရောဂါဟာ ဆီရာယာ လီယွန်း၊ လိုင်ဘေးရီးယားနဲ့ ဂီနီ နိုင်ငံတို့မှာ ကူးစက် ပြန့်ပွားမှု အဆိုးဆုံး ဖြစ်ပါတယ်။