IS နဲ့ ဆက်သွယ်သူ ၁၃ ဦးကို မလေးရှား ဖမ်းဆီး

  • 15 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှားတွေကို IS အဖွဲ့က စည်းရုံးနေ

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို သွားရောက် ပူးပေါင်းဖို့ စီစဉ် နေတယ် ဆိုတဲ့ လူ ၁၃ ယောက်ကို မလေးရှားမှာ အာဏာပိုင် တွေက ဖမ်းဆီး လိုက်ပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေး ပေမယ့် ဒေသတွင်း ထွက်ပေါ်နေတဲ့ သတင်းတွေ အရ အဖမ်းခံရတဲ့ ယောက်ျား မိန်းမတွေ ထဲမှာ ကျောင်းသားတွေ၊ စက်ရုံ လုပ်သားတွေလည်း ပါဝင်ပါတယ်။

IS အဖွဲ့ကို သွားရောက် ပူးပေါင်းဖို့ ကြိုးစားတယ် ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့ ဧပြီလက စပြီး ခုချိန်ထိ ဖမ်းဆီး ထားသူ ၃၆ ယောက် ရှိသွားပြီလို့ မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။

မလေးရှား နိုင်ငံဟာ အစဉ်အလာ အားဖြင့် သဘောထား ပျော့ပျောင်းတဲ့ မွတ်ဆလင် နိုင်ငံ ဖြစ်တယ်လို့ ဂုဏ်ယူလေ့ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ