နီပေါမှာ တောင်တက်သမား ၇၀ ကျော် ပျောက်ဆုံးဆဲ

  • 16 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption သေဆုံးသူ အရေအတွက် တိုးလာနိုင်

တောင်တက် သမားတွေ အများအပြား လာရောက်ကြတဲ့ အခုလို အချိန်မှာ နီပေါနိုင်ငံက ဟိမဝန္တာ တောင်တက်လမ်းမှာ နှင်းမုန်တိုင်း တိုက်ပြီး နှင်းတောင်တွေ ပြိုကျခဲ့လို့ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ပိတ်မိနေတဲ့ လူ ၁၄၀ လောက်ကို ကယ်ထုတ် ခဲ့ရပါတယ်။

သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေ ရှိနေပြီး ပျောက်ဆုံး နေသူ အနည်းဆုံး အယောက် ၇၀ ရှိတာကြောင့် သေဆုံးသူ ဦးရေ တိုးလာ နိုင်ဖွယ် ရှိနေပါတယ်။

လတ်တလော အတည်ပြု နိုင်တဲ့ သေဆုံးသူတွေ ထဲမှာ နီပေါ၊ အစ္စရေးနဲ့ ပိုလန် နိုင်ငံသား တောင်တက် သမားတွေ ပါဝင်ပါတယ်။

အများစု ပိတ်မိ နေတယ်လို့ ယူဆရတဲ့ တောင်ထိပ် အနီးက Dhaulagiri တောင်ခြေ စခန်း မှာ လေပြင်းတွေ တိုက်နေတဲ့ အတွက် ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဟန့် အတား ဖြစ်နေပါတယ်။

အခုလို ရာသီဥတု ဆိုးရွားမှုဟာ အိမ်နီးချင်း အိန္ဒိယကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ Hudhud ဆိုင်ကလုန်း မုန်တိုင်းရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ