အီဘိုလာ အတွက် ကူညီဖို့ ကတိတွေ မထိရောက်သေး

  • 17 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာကြောင့် လိုင်ဘေးရီးယားမှာ အများဆုံး သေဆုံး

အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အနောက် အာဖရိက ဒေသကို အကူအညီ ပေးဖို့ နိုင်ငံတကာရဲ့ ကတိပြုမှုတွေဟာ ရောဂါ တိုက်ဖျက်ရေးမှာ ခုချိန်အထိ ထိရောက်မှု မရှိသေးကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) က ပြောပါတယ်။

အီဘိုလာ ရောဂါ ပျံ့နှံ့မှုကို ခုချိန်အထိ မထိန်းချုပ် နိုင်သေးကြောင်းလည်း MSF အဖွဲ့က Christopher Stokes က ပြောပါတယ်။

ရောဂါဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို MSF အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်းတွေက ကျုံးရုန်း လုပ်ဆောင် နေကြရတာဟာ လုံးဝ အဓိပ္ပာယ် မရှိဘူး လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း အီဘိုလာ ရောဂါ တိုက်ဖျက်ရေး အတွက် အလှူငွေတွေ အရေးပေါ် လှူဒါန်းကြဖို့ ထပ်မံ ပန်ကြားလိုက်ပြီး ပြီးခဲ့တဲ့ လက သူ တောင်းခံထားတဲ့ တစ်ဘီလျံ ဒေါ်လာ ရန်ပုံငွေ ကလည်း ဒေါ်လာ တသိန်းလောက်ပဲ ရသေးတယ်လို့ ပြောသွားပါတယ်။

တခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ အလှူ့ရှင် နိုင်ငံတွေက ဒေါ်လာ သန်း၄၀၀ နီးပါး လှူဒါန်းထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ