ဘိုကိုဟာရမ်နဲ့ နိုင်ဂျီးရီးယား စစ်တပ် အပစ်ရပ်

  • 17 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကျောင်းသူတွေ ပြန်လွတ်အောင် မလုပ်နိုင်လို့ အစိုးရ အဝေဖန် ခံနေရ

နိုင်ဂျီးရီးယား နိုင်ငံမှာ အစ္စလမ္မစ် စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့နဲ့ အစိုးရ စစ်တပ် အကြား အပစ်ရပ်ဖို့ သဘောတူ လိုက်တာကြောင့် ဘိုကိုဟာရမ် အဖွဲ့က ဖမ်းထားတဲ့ မိန်းကလေးတွေ ပြန်လွတ် လာတော့မယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောပါတယ်။

နိုင်ဂျီးရီးယား ကာကွယ်ရေး ဌာန အကြီးအကဲ Alex Badeh က အခုလို ကြေညာခဲ့တာ ဖြစ်ပြီး ဘိုကိုဟာရမ် ဘက်ကတော့ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဘိုကိုဟာရမ် အဖွဲ့ဟာ နိုင်ဂျီးရီးယား နိုင်ငံမှာ ၂၀၀၉ ခုနှစ်ကတည်းက စတင် လှုပ်ရှား နေခဲ့တာ ဖြစ်ပြီး သူတို့ကို နိုင်ဂျီးရီးယား စစ်တပ်က ချေမှုန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၆ လတုန်းက ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကိုဟာရမ် အစ္စလမ္မစ် အဖွဲ့က ဖမ်းဆီး သွားခဲ့တဲ့ အတွက် ကမ္ဘာတဝန်းက လူတွေ အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။

အဲဒီ မိန်းကလေးတွေကို နိုင်ငံ မြောက်ပိုင်း Chibok မြို့ကနေ ဖမ်းဆီး သွားခဲ့တာ ဖြစ်ပြီး သူတို့ ပြန်လည် လွတ်မြောက် လာအောင် ဆောင်ရွက် နိုင်ခြင်း မရှိခဲ့လို့ နိုင်ဂျီးရီးယား အစိုးရ အနေနဲ့ ဝေဖန်မှုတွေ ခံနေခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ