ထိုင်းတောင်ပိုင်း က ကျွန် အရောင်းအဝယ်

thai_slavery ဓာတ်ပုံ မူပိုင် bbc
Image caption လွတ်မြောက်လာပေမယ့် စိတ်ဒဏ်ရာတွေ ရှိနေဆဲ

ဘင်္ဂလားဒေရှ့် လူမျိုးတွေ ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကျွန်အဖြစ် ရောင်းစားကုန်ကူးနေကြတဲ့ အထောက်အထားတွေ ကို ဘီဘီစီ တွေ့ရှိလိုက်ရပါတယ်။

ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်ဟာ ဘင်္ဂလားဒေ့ရှ် လူမျိုး ၁၃၀ ကျော်ကို ထိုင်းတောင်ပိုင်း ဖန်းငခရိုင်အတွင်း ကမ်းရိုးတန်းတောအုပ် တခုထဲမှာ လှောင်ပိတ် ချုပ်နှောင်ထားတဲ့ နေရာတခု ကို အရောက် သွားနိုင်ခဲ့ပါတယ်။

သူတို့ထဲက လွတ်မြောက်လာသူ အယောက် ၄၀ နဲ့ ၅၀ ကြားလောက်ရှိပြီး သူတို့တွေနဲ့ ဘီဘီစီ သတင်းထောက် က တွေ့ဆုံ မေးမြန်းတဲ့ အခါမှာ ဘင်္ဂလာဒေရှ့် ရှိ သူတို့ နေအိမ်တွေ ဆီ ကို အလုပ်သမား လိုက်ရှာနေတယ် ဆိုတဲ့ လူတွေ ရောက်လာပုံ၊ နောက်ပြီး၊ အလုပ်ကောင်းကောင်း ရှာပေးမယ် လို့ ဖြားယောင်းခေါ်လို့ လှေနဲ့ပါလာပုံ၊ နောက်ပိုင်းမှာတော့ ကြိုးတွေ နဲ့တုတ်နှောင်ကာ အခုလို ကျွန်းတွေ ပေါ်အပို့ခံခဲ့ရကြောင်း ပြောပြ ကြပါတယ်။

ကျွန်းပေါ်မှာလည်း အစာရေစာ မကျွေးပဲထားတာ ရိုက်နှက်ညှင်းဆဲတာ တွေ ခံခဲ့ရပြီး တောထဲက သစ်ရွက်တွေ စားကာ အသက်ရှင်သန်ခဲ့ကြရတယ် လို့ ပြန်လွတ်မြောက်လာတဲ့ သူတွေ ကပြောပါတယ်။

သူတို့ကို အများအားဖြင့် ငါးဖမ်းလှေ တွေ နဲ့ စိုက်ပျိုးခင်းတွေ မှာ ခိုင်းစေတဲ့သူတွေ ဆီ ရောင်းချ ဖို့ ခေါ်လာတာ လို့ ခန့်မှန်းကြပါတယ်။

သူတို့တွေ ကို လူကုန်ကူးဂိုဏ်း က သူတွေ ကတောထဲမှာ နေရာရွှေ့ပြောင်းစဉ် ထိုင်းရွာသား တယောက် ကတွေ့လို့ သက်ဆိုင်ရာ ကို အကြောင်းကြားရာကနေ အခုလို ကယ်တင်နိုင်ခဲ့တာပါ။

အခု လူတချို့လွတ်မြောက်လာပေမယ့် ကျန်တဲ့သူတွေ က ဘယ်စခန်း ဘယ်နေရာဆီ ရောက်နေပြီလဲဆိုတာ ကို ထိုင်းရဲတွေ က စုံစမ်းနေကြဆဲပဲရှိပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးတဲ့လုပ်ငန်း က အစီအစဉ်တကျ လုပ်ဆောင်နေကြပြီး အစိုးရ က ထိရောက်တဲ့နှိမ်နှင်းမှုတွေ သေသေချာချာ မလုပ်ဖူးလို့ဝေဘန်မှုတွေ လည်း အများအပြားရှိနေပါတယ်။