ဆီယာလီယွန်းမှာ အီဘိုလာ ထိန်းချူပ်ဖို့ အဖွဲ့သစ် ဖွဲ့စည်း

  • 18 အောက်တိုဘာ 2014
_sp_ebola ဓာတ်ပုံ မူပိုင် ap
Image caption အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ခံရလို့ ဆီယာ လီယွန်းနိုင်ငံ မှာ လူပေါင်း ထောင့်နှစ်ရာ ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဆီယာလီယွန်း နိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့နေမှု အန္တရာယ်ကို ကိုင်တွယ် ထိန်းချူပ် နိုင်ဖို့ အတွက် တစ်နိုင်ငံလုံး ဆိုင်ရာ အရေးယူ တုန့်ပြန် ဆောင်ရွက်ရေး အဖွဲ့သစ် တစ်ရပ်ကို ဆီယာလီယွန်း သမ္မတ အားနက်စ် ဘိုင်ကိုရိုမား က ဖွဲ့စည်း ပေးလိုက်ပါတယ်။

အဲဒီ့ အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီး က ဦးဆောင်မှာ ဖြစ်ပြီး သမ္မတကို တိုက်ရိုက် သတင်းပို့ တင်ပြရမှာ ဖြစ်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရလို့ ဆီယာလီယွန်း နိုင်ငံမှာ လူပေါင်း ထောင့်နှစ်ရာ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

တခါ အမေရိကန် နိုင်ငံထဲမှာလည်း အီဘိုလာ ကူးစက်မှု ဖြစ်လာခဲ့တဲ့ အပေါ် လူတွေ အနေနဲ့ သွေးပျက် ခြောက်ခြားမှု မဖြစ်ကြဖို့ သမ္မတ အိုဘားမား က တိုက်တွန်း လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ