ကိုရီးယား နယ်ခြားမှာ ပစ်ခတ်မှု ဖြစ်

  • 19 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မကြာ သေးခင်က ဖြစ် ခဲ့တဲ့ နှစ်နိုင်ငံ နယ်ခြား ပဋိပက္ခ တွေမှာ အခု ဖြစ်ရပ်ဟာ အဆိုးဝါးဆုံး

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံ အကြား နယ်ခြားမှာ တဘက်နဲ့ တဘက် ပစ်ခတ် မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

၂ နိုင်ငံ နယ်ခြား မျဉ်းကို မြောက်ကိုရီးယား စစ်သား တဖွဲ့ ချဉ်းကပ်လာ ရာကနေ ပစ်ခတ် မှုတွေ ဖြစ်ပွား ခဲ့တာလို့ တောင်ကိုရီးယား မီဒီယာက သတင်း ထုတ်ပြန် ပါတယ်။

တောင်ကိုရီးယား ဘက်က သတိပေး ပစ်ခတ် တာမျိုး လုပ်ခဲ့ရာ ကနေ တဘက် ကလည်း ပြန်လည် ပစ်ခတ် ခဲ့ကြ တာပါ။

အခုတော့ ပစ်ခတ် မှုတွေ ပြီးသွားပြီ ဖြစ်ကာ၊ ထိခိုက် ဒဏ်ရာ ရတာ မျိုးလည်း မရှိ ခဲ့ဘူးလို့ သိရ ပါတယ်။

ဒါပေမယ့် လည်း နှစ်နိုင်ငံ နယ်ခြား တောင်ကိုရီးယား ဘက်ခြမ်းက နေထိုင် သူတွေ ကိုတော့ ဘေးလွတ်ရာက် ရွှေ့ပြောင်းထား ပါတယ်။

မကြာ သေးခင်က ဖြစ် ခဲ့တဲ့ နှစ်နိုင်ငံ နယ်ခြား ပဋိပက္ခ တွေမှာ အခု ဖြစ်ရပ်ဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ