စပိန် သူနာပြု အီဘိုလာ ရောဂါ ပျောက်ပြီ

  • 19 အောက်တိုဘာ 2014
spain ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖရိက တိုက် အပြင်မှာ ပထမဆုံး အီဘိုလာ ကူးစက် ခံရတဲ့ စပိန် နိုင်ငံ

အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ စပိန်က သူနာပြု အမျိုးသမီး မှာ ရောဂါ ပျောက်ကင်း သွားပြီလို့ စပိန် အစိုးရက ကြေညာ လိုက်ပါတယ်။

ဗိုင်းရပ်စ် ပိုး လုံးဝ မရှိတော့ ဘူးလား သိရဖို့ စပိန် သူနာပြု Teresa Romero ကို နောက်တကြိမ် ဆေးစစ်ဖို့ လိုအပ် ပါသေး တယ်။

အီဘိုလာ ရောဂါ ကူးစက် ခံခဲ့ရပြီး အသက်ဘေးက လွတ်ကင်း ခဲ့သူ တဦးရဲ့ သွေးရည်ကြည် နဲ့ စပိန် သူနာပြု အမျိုးသမီးကို ကုသ ပေးခဲ့ပါတယ်။

ဒီကုသမှုမှာ တခြား အမည် မဖော်လိုတဲ့ ဆေးဝါး တွေကိုလည်း သုံးစွဲ ခဲ့တယ် လို့ သိရပါတယ်။

မဒရစ် မြို့ ဆေးရုံ တရုံ မှာ လာပြီး ဆေးကုသ ခံခဲ့တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ၂ ပါးကို ကုသပေးရင်း မစ္စ ရိုမီရို ကို အီဘိုလာ ရောဂါ ကူးစက် ခဲ့တာ ဖြစ်ပါတယ်။

မစ္စ ရိုမီရိုဟာ ဒီတခေါက် အီဘိုလာ ရောဂါကပ်ဘေး အတွင်း အနောက် အာဖရိက တိုက် အပြင်မှာ ပထမဆုံး ရောဂါ ကူးစက် ခံခဲ့ရတဲ့ သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ