အင်ဒိုနီးရှား သမ္မတသစ် ဝီဒိုဒို ကျမ်းကျိန်

  • 20 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကျမ်းကျိန်ပွဲ အပြီး တွေ့ရတဲ့ သမ္မတသစ် ဝီဒိုဒို

အင်းဒိုနီးရှား နိုင်ငံမှာ သမ္မတသစ် အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ မစ္စတာ ဂျိုကို ဝီဒိုဒို က ဂျာကာတာ မြို့တော်မှာ ရှိတဲ့ ပါလီမန် အဆောက်အဦမှာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

သူဟာ ယခင် အာဏာရှင် ဗိုလ်ချုပ်ကြီး ဟောင်း ဆူဟာတိုနဲ့ ဆက်စပ်တဲ့ အထက်တန်း အလွှာက နိုင်ငံရေး သမား မဟုတ်သူ၊ စစ်တပ်နဲ့ ဆက်စပ်မှု မရှိသူ ပထမဆုံး သမ္မတ ဖြစ်ပါတယ်။

သူ့ရဲ့ ရာထူး လက်ခံ မိန့်ခွန်းမှာ မစ္စတာ ဝီဒိုဒိုက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ စည်းလုံး ညီညွတ်ရေး တို့ကို ပြောဆိုခဲ့ပြီး သူ့အဆို အင်ဒိုနီးရှား နိုင်ငံရဲ့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ကိုင်စွဲ ထားမယ်လို့ ကတိပေး ခဲ့ပါတယ်။

ဂျာကာတာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ မစ္စတာ ဝီဒိုဒိုဟာ အင်ဒိုနီးရှားရဲ့ စီးပွားရေး တုံ့နှေးမှု အပါအဝင် အရေးကြီးတဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ