နိုင်ဂျီးရီးယားမှာ အီဘိုလာ ကင်းစင်ပြီ

  • 20 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကိုယ်လက် သန့်ရှင်းနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသားတွေ

နိုင်ဂျီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ် အတွင်း အီဘိုလာ ထပ်မံ ကူးစက်သူ မရှိခဲ့လို့ နိုင်ဂျီးရီးယားမှာ အီဘိုလာ ကင်းစင်ပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က တရားဝင် ကြေညာ လိုက်ပါတယ်။

အီဘိုလာ ရောဂါကို ထိန်းချုပ် နိုင်ကြောင်း ပြသခဲ့တဲ့ နိုင်ဂျီးရီးယားရဲ့ လုပ်ဆောင်မှုဟာ အံ့မခန်း အောင်မြင်မှု ဖြစ်တယ်လို့ WHO ကိုယ်စားလှယ် Rui Gama Vaz က အဘူဂျာ မြို့တော်မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက လေးဂေါ့စ် မြို့ကို လာရောက်တဲ့ လိုင်ဘေးရီးယား သံတမန် တစ်ဦးနဲ့ အတူ နိုင်ဂျီးရီးယားကို အီဘိုလာ ရောဂါ စတင် ရောက်လာ ခဲ့ပြီး လူ အယောက် ၂၀ ရောဂါ ကူးစက် ခံခဲ့ရကာ ၈ ယောက် သေဆုံး ခဲ့ပါတယ်။

ကျန်းမာရေး ပညာရှင်တွေ ကတော့ နိုင်ဂျီးရီးယာကို အီဘိုလာ ရောဂါ ပြန်ရောက် လာနိုင်တယ်လို့ သတိပေးနေပါတယ်။

သောကြာနေ့ ကလည်း ဆီနီဂေါ နိုင်ငံက ရောဂါ ကင်းစင် သွားပြီလို့ ကြေညာ ခဲ့ပါသေးတယ်။

ဆီရာယာ လီယွန်း၊ ဂီနီနဲ့ လိုင်ဘေးရီးယား တို့မှာတော့ ရောဂါကို ထိန်းချုပ် နိုင်ခြင်း မရှိသေးဘဲ ဆက်လက် ကူးစက် ပြန့်ပွား နေပြီး ခုချိန်ထိ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၄၅၀၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ