အီရတ် ကာ့ဒ်တွေကို တူရကီ နယ်မြေ ပေးသုံးမယ်

  • 20 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် ကာ့ဒ် တပ်သားတွေကို ဗြိတိသျှ တပ်ဖွဲ့ဝင်တွေက လေ့ကျင့်ပေးနေ

အီရတ် နိုင်ငံသား ကာ့ဒ် တပ်ဖွဲ့တွေ ဆီးရီးယား နိုင်ငံထဲ ဖြတ်ဝင်ပြီး ကိုဘာနီမြို့က IS စစ်သွေးကြွ တွေကို တိုက်နိုင်ဖို့ အတွက် တူရကီ နိုင်ငံက သူ့ရဲ့ နယ်မြေကို အသုံးပြုခွင့် ပေးတော့မယ်လို့ သိရပါတယ်။

အခုလို ခွင့်ပြုမယ့် ကိစ္စဟာ တူရကီ အတွက် မူဝါဒ အလှည့်အပြောင်း အဖြစ် ရှုမြင် နေကြပြီး ဒီကိစ္စအတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ် နေဆဲ ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu က ပြောပါတယ်။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ကိုဘာနီမြို့က ကာ့ဒ် တိုက်ခိုက်ရေး သမားတွေ အတွက် လက်နက် တွေကို အမေရိကန်က လေကြောင်းကနေ ချပေးပြီး နောက်မှာ အခု ကြေညာချက် ပေါ်ထွက် လာခဲ့တာပါ။

ကိုဘာနီမြို့မှာတော့ IS စစ်သွေးကြွ တွေကို မြို့ရဲ့ ဒေသ အတော်များများကနေ ကာ့ဒ် တပ်ဖွဲ့တွေက ပြန်လည် တိုက်ထုတ် နိုင်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ