လေယာဉ် မတော်တဆမှုနဲ့ Total ရဲ့ စီအီးအို သေဆုံး

  • 21 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လေဆိပ် ဝန်ထမ်းတွေရဲ့ တာဝန် ပေါ့ဆမှုကြောင့်ဟု ဆို

ရုရှား နိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ Total ရေနံ ကုမ္ပဏီပိုင် လေယာဉ်က ဆီးနှင်း ရှင်းတဲ့ ယာဉ်ကို ဝင်တိုက် မိလို့ မီးလောင်ကျွမ်းပြီး Total ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် အပါအဝင် လေယာဉ်ပေါ် လိုက်ပါလာသူ ၄ ဦး စလုံး သေဆုံး သွားပါတယ်။

ရုရှား စုံစမ်းရေး သမားတွေကတော့ အခု မတော်တဆ မှုဟာ ရာဇဝတ်မှု မြောက်တဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

လေယာဉ်က ဝင်တိုက်မိတဲ့ ဆီးနှင်း ရှင်းလင်းတဲ့ ယာဉ်ကို မောင်းတဲ့သူဟာ အရက် မူးနေတယ်လို့ စုံစမ်းရေး သမားတွေက ပြောပါတယ်။

တာဝန် ပေါ့ဆတဲ့ မန်နေဂျာ တွေကလည်း လေဆိပ် ဝန်ထမ်းတွေရဲ့ အလုပ်တွေကို ချိတ်ဆက် ညွှန်ကြားဖို့ ပျက်ကွက် ခဲ့တယ် လို့လည်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ပြင်သစ်ပိုင် ရေနံ ကုမ္ပဏီဖြစ်တဲ့ Total ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် မစ္စတာ Christophe de Margerie လိုက်ပါလာတဲ့ လေယာဉ်ဟာ မော်စကိုမြို့ Vnukovo လေဆိပ် ကနေ ပဲရစ်မြို့ကို ပျံသန်းဖို့ ထွက်ခွာစဉ် ခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ