အီဘိုလာ တိုက်ဖျက်ရေး နိင်ငံတကာ အကူအညီ

  • 21 အောက်တိုဘာ 2014
_ghana_president_ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂါနာ သမ္မတJohn Mahama

ဂါနာ သမ္မတ ဂျွန်မဟာမာ က အီဘိုလာ တိုက်ဖျက်ရေး အတွက် နိုင်ငံတကာ က ပေးပို့တဲ့ ဆေးဝါး၊ အစားအသောက် တွေ ရောက်လာသလို ကုသရေး စခန်းတွေ လည်း ဆောက်နေပြီ ဖြစ်ကြောင်း၊ သွားလာရေး အတွက် ယာဉ် နဲ့ အကာအကွယ် ဝတ်စုံ တွေ ပါဝင်ပုံ ဘီဘီစီ ကို ပြောပါတယ်။

အရေးကြီးတာက ပို့လိုက်တဲ့ ပစ္စည်းတွေ ထပ်မနေအောင်၊ ကျန်းမာရေး လုပ်သား လည်း အလုံအလောက် ရှိရေး လည်း အဓိက ကျပုံ ကို ပြောပါတယ်။ သမ္မတ ဂျွန်မဟာမာ ကအနောက်အာဖရိက နိုင်ငံတွေ အနေနဲ့ နိုင်ဂျီးရီးယား လို အီဘိုလာ ကင်းဆင်တာကို အတုယူ သင်ခန်းစာ ယူဖို့ ပြောပါသေးတယ်။

ဗြိတိသျှ ဆေးတပ်မှ ဝန်ထမ်း ၁၀၀ ခန့်လည်း အနောက်အာဖရိက ကို ထွက်သွားကြပါပြီ။ သူတို့ကတော့ ဆီရီယာလီယွန်း မှ ဆေးဝန်ထမ်းတွေ ကို သင်တန်းပေးဖို့ ဖြစ်ပါတယ်။ ဆီရီယာလီယွန်း၊ ဂီနီ နဲ့ လိုင်ဘေးရီးယား ဟာ အထိအနာဆုံး နိုင်ငံတွေ ဖြစ်ရာမှာ လူပေါင်း ၄၅၀၀ ဟာ အီဘိုလာ ကြောင့် သေဆုံးရပါတယ်။