မသန်စွမ်း အပြေးသမား ထောင်ဒဏ် ၅ နှစ် ချခံရ

  • 21 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption စီရင်ချက်ကို စောင့်ဆိုင်းစဉ်

တောင်အာဖရိက မသန်စွမ်း အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ် ဟာ သူရဲ့ ချစ်သူ ရီဗာ စတီးန်ကမ့်ပ် ကို သေနတ်နဲ့ ပစ်ခတ်ပြီး သေဆုံး စေခဲ့မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက် ရပါတယ်။

သူ့ရဲ့ ချစ်သူကို ရေချိုးခန်း တံခါး နောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ မစ္စတာ ပစ်တိုးရီးယပ်စ် ဟာ လူသတ်မှု ပုဒ်မ ကနေ ကင်းလွတ် ခဲ့ပေမယ့် ပြစ်မှု မြောက်တဲ့ လူသေ စေမှုနဲ့ အခုလို ပြစ်ဒဏ် ချခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တရားမဝင် သေနတ် ကိုင်ဆောင်မှု နဲ့လည်း သီးခြား ဆိုင်းငံ့ ထောင်ဒဏ် ၃ နှစ် သူ့ကို ချမှတ်ခဲ့ပါတယ်။

အခု စီရင်ချက်အပေါ် အယူခံ တင်ဖို့ မတင်ဖို့ စဉ်းစားနေကြောင်း အမှုလိုက် ရှေ့နေအဖွဲ့ရဲ့ ပြောခွင့်ရ Nathi Mncube က ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ မစ် ရီဗာ စတီးန်ကမ့်ပ် ရဲ့ မိဘတွေ ကတော့ အခု စီရင်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ပစ်တိုးရီးယပ်စ် အနေနဲ့ ချမှတ် ခံထားရတဲ့ ပြစ်ဒဏ်ထက် စောပြီး လွတ်လာ ခဲ့ရင်တောင် ၅ နှစ် အတွင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမှာ မဟုတ်ကြောင်း နိုင်ငံတကာ မသန် စွမ်းသူများ Paralympic အားကစား ပြိုင်ပွဲ ကော်မတီက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ