ထိုင်း လူသတ်မှု မြန်မာ ၂ ဦး ဝန်ခံချက် ပြန်ရုပ်မယ်

  • 21 အောက်တိုဘာ 2014
Image caption အသတ်ခံရတဲ့ ဗြိတိသျှ ၂ ဦး အမှုအပေါ် ထိုင်းရဲတွေရဲ့ ကိုင်တွယ်ပုံကို ဝေဖန်မှုတွေ ရှိလာ

ထိုင်း နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွား ဗြိတိသျှ လူမျိုး ၂ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီး စွဲဆို ခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးက ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းမှာ ဖြစ်တယ်လို့ သူတို့ ၂ ဦးရဲ့ ရှေ့နေတွေက ပြောပါတယ်။

အစွပ်စွဲ ခံထားရတဲ့ မြန်မာ ၂ ဦးက Hannah Witheridge နဲ့ David Mailer တို့ကို သတ်ခဲ့တယ် ဆိုတဲ့ စွဲချက်ကို ငြင်းဆိုကြောင်း သူတို့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

မနေ့ကလည်း အဲဒီ အစွပ်စွဲ ခံထားရသူ ၂ ဦးဟာ ထိုင်း ရဲတွေရဲ့ နှိပ်စက်တာကို ခံထားရတဲ့ အထောက် အထားတွေ ရှိတယ်လို့ ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေး ကော်မရှင်က ပြောခဲ့ပါတယ်။

ဗြိတိသျှ အစိုးရကလည်း အခု အမှုအပေါ် ထိုင်း အာဏာပိုင် တွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ