အီဘိုလာ ကုနိုင်မယ့် ဆေး မကြာခင် ရတော့မယ်။

  • 22 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ကာကွယ်ဆေးတွေ ထုတ်နိုင်ဖို့ အမြန်ဆုံး လုပ်နေ တယ်လို့ WHO တာဝန်ရှိ ပုဂ္ဂိုလ် ဒေါက်တာ Kieny ပြော

အနောက်အာဖရိကမှာ အီဘိုလာ ရောဂါ ပျောက်ကင်းသွားတဲ့ လူနာရဲ့ သွေးက သွေးရည်ကြည်ကို အသုံးပြုပြီး ရောဂါ ကုသနိုင်မယ့်နည်းကို လာမယ့် သီတင်းပတ်တွေ အတွင်း အသုံးပြုနိုင်ဘွယ် ရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောပါတယ်။

အီဘိုလာ ရောဂါ ကာကွယ်တဲ့ ပဋိပစ္စည်း ပါဝင်တဲ့ သွေးရည်ကြည် ထုတ်လုပ်ဖို့ ဆေးခန်းတွေ လိုင်ဘေးရီးယားနိုင်ငံမှာ စတည်ဆောက်နေပြီ လို့ WHO ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် ဒေါက်တာ Marie Paule Kieny က ဂျီနီဗာမြို့မှာ ပြောသွားပါတယ်။

ကာကွယ်ဆေး နှစ်မျိုး ထုတ်လုပ်နိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ ဒီကာကွယ်ဆေးတွေကသာ တကယ်တမ်း ဘေးကင်း စိတ်ချရတယ် ဆိုရင် အနောက်အာဖရိကမှာ လာမယ့် ဇန္နဝါရီလက စလို့ ဒီဆေးတွေ ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာ စမ်းသပ်တဲ့အနေနဲ့ ဆေး ထောင်သောင်း ချီပြီး အစမ်းသဘော အသုံးပြုသွားမယ်လို့ သိရပါတယ်။