အီဘိုလာ အရေး WHO အရေးပေါ် စည်းဝေး

  • 22 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်ကို ဝင်လာတဲ့ ခရီးသည် တစ်ဦးကို စစ်ဆေးစဉ်

အီလိုလာ ကူးစက် ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် အစည်း အဝေး လုပ်နေပါတယ်။

ဂျနီဗာမှာ ပြုလုပ်တဲ့ ဒီအစည်းအဝေးမှာ ခရီးသွားတွေကို စစ်ဆေးတဲ့ ရောဂါ ရှာဖွေရေး နည်းလမ်းတွေ အပေါ် ဆန်းစစ်မှာ ဖြစ်ပြီး ခရီး သွားလာမှုတွေကို ကန့်သတ် ပိတ်ပင်ဖို့ သင့် မသင့်လည်း ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

အီဘိုလာ အရေးနဲ့ ပတ်သက်ပြီး WHO ရဲ့ တုံ့ပြန် ဆောင်ရွက်မှု တွေဟာ နှေးကွေး လွန်းတယ်လို့ အဝေဖန် ခံနေရပါတယ်။

တစ်ချိန်တည်းမှာ အမေရိကန်ကလည်း သူ့နိုင်ငံတွင်းမှာ အီဘိုလာ ကူးစက် ခံရမှုတွေ ဖြစ်လာ ပြီးနောက် အနောက် အာဖရိက ၃ နိုင်ငံ ကနေ အမေရိကန်ကို လာတဲ့ ခရီးသည်တွေ အပေါ် တင်းကျပ်တဲ့ ထိန်းချူပ်မှုတွေ လုပ်လာပါတယ်။

ဆီရာယာ လီယွန်း၊ လိုင်ဘေးရီးယားနဲ့ ဂီနီ နိုင်ငံတွေကနေ စတင် ထွက်ခွာ လာသူတွေ အနေနဲ့ အမေရိကန်ထဲကို သတ်မှတ် ထားတဲ့ လေဆိပ် ၅ ခု ကနေသာ ဝင်ခွင့် ရှိမှာ ဖြစ်ပြီး အီဘိုလာ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်တာလည်း ခံယူရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ