ဟောင်ကောင် အုပ်ချုပ်ရေးမှူး အိမ်ကို ချီတက် ဆန္ဒပြ

  • 22 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာ ဆန္ဒပြကြသူတွေ

ဟောင်ကောင်မှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အပေါ် အုပ်ချုပ်ရေးမှူး စီဝိုင်လုန်ရဲ့ ရပ်တည်ချက်ကို မကျေနပ်လို့ ဒီမိုကရေစီရေး ဆန္ဒပြသူ ၂၀၀ လောက်က စီဝိုင်လုန် နေထိုင်ရာ အစိုးရ အိမ်တော်ကို ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

စီဝိုင်လုန်ရဲ့ အင်တာဗျူး တစ်ခုထဲမှာ ဆင်းရဲသား တွေကို နိုင်ငံရေး ကိစ္စတွေ အပေါ် အလွန်အမင်း လွှမ်းမိုး ခြယ်လှယ်ခွင့် မပြုသင့်ဘူးလို့ ပြောခဲ့တဲ့ စကားကိုလည်း ဆန္ဒပြ သမားတွေက ဒေါသ ထွက်နေကြ ပါတယ်။

ဟောင်ကောင် အာဏာပိုင် တွေနဲ့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံ စကားပြော ခဲ့ကြပေမယ့် လမ်းတွေ ပေါ်မှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။

တရုတ် ပြည်မကြီး အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ ဟွာ ချူရင် ကတော့ ဟောင်ကောင်မှာ မြို့လယ်ကို သိမ်းပိုက်ထားတဲ့ လှုပ်ရှားမှု တွေဟာ တရားမဝင် ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ဒီအပြုအမူတွေ အပေါ် ဥပဒေနဲ့ အညီ ကိုင်တွယ်ပြီး တည်ငြိမ်မှု ရအောင် လုပ်ဆောင် နေတဲ့ ဟောင်ကောင် အစိုးရကို ထောက်ခံ အားပေးကြောင်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ