ဆီးနှင်း ရှင်းတဲ့ ယာဉ်မောင်း လမ်းပျောက်နေခဲ့ ဟုဆို

  • 22 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင် ပျက်စီးသွားတဲ့ Total ကုမ္ပဏီပိုင် လေယာဉ်

မော်စကိုမြို့ လေဆိပ်က လေယာဉ် မတော်တဆ မှုနဲ့ ပတ်သက်ပြီး အဖမ်းခံ ထားရတဲ့ ဗလာဒီမာ မာတင်နင်ကော့ဗ်က အခင်း ဖြစ်ချိန်မှာ သူမောင်းတဲ့ ဆီးနှင်း ရှင်းလင်းရေး ယာဉ်က လေယာဉ် ပြေးလမ်းပေါ် ရောက်နေတာကို မသိခဲ့ကြောင်း ပြောပါတယ်။

မစ္စတာ မာတင်နင်ကော့ဗ် မောင်းတဲ့ ဆီးနှင်း ရှင်းလင်းရေး ယာဉ်ဟာ ပျံတက်ဖို့ ပြင်နေတဲ့ ပုဂ္ဂလိက ပိုင် လေယာဉ်ကို ဝင်တိုက်ခဲ့လို့ လေယာဉ် မီးလောင် ပေါက်ကွဲပြီး ပြင်သစ် ရေနံ ကုမ္မဏီ Total ရဲ့ အမှုဆောင် အရာရှိချူပ် Christophe de Margerie နဲ့ လေယာဉ် ဝန်ထမ်း ၃ ဦး သေဆုံး ခဲ့ပါတယ်။

ရုရှား စုံစမ်း စစ်ဆေးသူတွေက ဆီးနှင်း ဖယ်ရှားတဲ့ ယာဉ်မောင်းဟာ အရက် မူးနေကြောင်း အစောပိုင်းက စွပ်စွဲ ခဲ့ပေမယ့် မစ္စတာ မာတင်နင်ကော့ဗ် ဟာ နှလုံးရောဂါ ရှိလို့ လုံးဝ အရက် မသောက်ကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

ဒီကိစ္စ အတွက် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှုကို ရုရှား အာဏာပိုင်တွေက စတင် လုပ်ဆောင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ