ဘိုကိုဟာရမ်တွေ အမျိုးသမီး ဓားစာခံတွေ ဆက်လက် ဖမ်းနေဆဲလား စုံစမ်းနေ

  • 23 အောက်တိုဘာ 2014
boko_haram_ ဓာတ်ပုံ မူပိုင် AP
Image caption အပစ်ရပ် ကြေညာထားတဲ့ ဘိုကိုဟာရမ်တွေ အမျိုးသမီးတွေ အပေါ် ဆက်လက် ပစ်မှတ် ထားနေကြဆဲလား ဆိုတာ စုံစမ်းနေ။

နိုင်ဂျီးယား နိုင်ငံမှာ အစိုးရ စစ်တပ် နဲ့ စစ်သွေးကြွ ဘိုကိုဟာရမ် အုပ်စု အကြား၊ အပစ်ရပ် ကြေညာခဲ့ အပြီးမှာကို၊ အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေကို အဆိုပါ စစ်သွေးကြွတွေ က ဖမ်းဆီး ခေါ်ဆောင် သွားမှုတွေ ရှိနေဆဲ ဆိုတဲ့ သတင်းတွေ အပေါ် စုံးစမ်း နေပါကြောင်း နိုင်ဂျီးရီးယား အစိုးရက ဆိုပါတယ်။

တကယ် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ခွဲခြမ်း စိတ်ဖြာ အတည်ပြု နိုင်ဖို့ တာဝန်ရှိသူ တွေ ဆောင်ရွက် နေကြောင်း အစိုးရ ပြောခွင့်ရ မိုက်ခ် အိုမာရီ က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ဂျီးရီးယား ရဲ့ အရှေ့မြောက်ပိုင်း ဒေသ မှာ အမျိုးသမီး နဲ့ မိန်းကလေးငယ် အယောက် ၄၀ လောက်ကို ဘိုကိုဟာရမ် တွေက ခေါ်ဆောင် သွားကြတယ် ဆိုပြီး ဒေသခံ ရွာသားတစ်ဦး က ပြောပါတယ်။

ဘိုကိုဟာရမ် အဖွဲ့နဲ့ အပစ်ရပ်ကြောင်း၊ အရင် သီတင်းပတ် ကတည်းက ကြေညာ ထားခဲ့ပေမယ့်၊ အကြမ်းဖက် ဖြစ်ရပ်တချို့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ အဲဒီ့ အုပ်စု ဖမ်းဆီး ထားတာ ၆ လကြာပြီ ဖြစ်တဲ့ ကျောင်းသူ ၂၀၀ ကျော်လည်း ပြန်လွတ်လာမယ့် အရိပ်အယောင် မတွေ့ရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ