အမျိုးသမီးတွေကို ဘိုကိုဟာရမ် ထပ်မံ ဖမ်းဆီး

  • 23 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မိန်းကလေးတွေ ပြန်လွတ်အောင် နိုင်ဂျီးရီးယား အစိုးရ မလုပ်နိုင်ခဲ့

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက အဒါမာဝါ ပြည်နယ် မှာရှိတဲ့ ကျေးရွာ ၂ ရွာက ဒါဇင်နဲ့ ချီတဲ့ အမျိုးသမီးတွေကို စစ်သွေးကြွတွေလို့ ယူဆရသူ တွေက ဖမ်းဆီး သွားကြောင်း ဒေသခံ တွေက ပြောပါတယ်။

နိုင်ဂျီးရီးယား အစိုးရနဲ့ ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့တို့ အကြား အပစ်ရပ်ရေး သဘောတူညီချက်ကို ကြေညာခဲ့ပြီး နောက်တစ်နေ့ စနေနေ့မှာ အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေ ထပ်မံ ဖမ်းဆီး ခံရတာလို့ ဒေသခံတွေက ပြောပေမယ့် နိုင်ဂျီးရီးယား အာဏာပိုင် တွေကတော့ ဒီသတင်းကို အတည် မပြုသေးပါဘူး။

အပစ်ရပ်ဖို့ သဘောတူညီတဲ့ ကိစ္စကိုလည်း ဘိုကိုဟာရမ် အဖွဲ့က အတည်ပြုခြင်း မရှိပါဘူး။

နိုင်ဂျီးရီးယား အစိုးရကတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖမ်းဆီး ခံထားရတဲ့ မိန်းကလေးငယ် ၂၀၀ ကျော်ကို ဘိုကိုဟာရမ် အစ္စလမ္မစ် အဖွဲ့က ပြန်လွှတ် ပေးလိမ့်မယ်လို့ မျှော်လင့် နေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အပစ်ရပ်ရေး သဘောတူညီချက်ကို ကြေညာခဲ့ပြီးနောက် အခု သီတင်းပတ် အတွင်းမှာ ဘိုကိုဟာရမ်နဲ့ ဆက်လက် ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ဂျီးရီးယား အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ