ယူကရိန်း ရွေးကောက်ပွဲမှာ အနောက်အုပ်စုကို လိုလားတဲ့ ပါတီတွေက အားသာ

  • 26 အောက်တိုဘာ 2014
_ukraine_election ဓာတ်ပုံ မူပိုင် epa
Image caption အနောက်အုပ်စု ကို လိုလားတဲ့ ယူကရိန်း ပါတီတွေ အသာစီး ရနေ။

ယူကရိန်း ပါလီမန် ရွေးကောက်ပွဲ မှာ မဲထည့် ခဲ့သူတွေကို ကောက်ခံတဲ့ စစ်တမ်းတွေ အရ၊ အနောက်အုပ်စု အပေါ် လိုလားတဲ့ ပါတီတွေက မဲအများစု ရရှိခဲ့ကြောင်း ဖော်ပြ နေပါတယ်။

ဒီထဲမှာမှ လက်ရှိ သမ္မတ ပက်ထရို ပိုရိုရှဲန်ကို ရဲ့ ပါတီက မဲ အားလုံးရဲ့ ၂၃ ရာခိုင်နှုန်း ရခဲ့ကြောင်း အဆိုပါ စစ်တမ်းတွေက ညွှန်းဆို နေပါတယ်။

ဒုတိယ ကပ်ရက် နေရာမှာတော့ ဝန်ကြီးချူပ် အာဆေးနီ ယက်ဆင်ညု ရဲ့ ပြည်သူ့တပ်ဦး ပါတီ ရှိနေပါတယ်။

အနောက်အုပ်စုဘက် တိမ်းညွတ်တဲ့ ပါတီပဲ ဖြစ်တဲ့ Selfhelp ပါတီ ကလည်း မဲတွေရဲ့ ၁၃ ရာခိုင်နှုန်း ကျော်ကျော် ရရှိထားတယ် လို့ ဆိုပါတယ်။

အခု စစ်တမ်းတွေက ပြသနေတဲ့ ရလာဒ်တွေ ကိုသာ အတည် ပြုနိုင်ခဲ့ရင် လက်ရှိ သမ္မတ ပိုရိုရှဲန်ကို မှာ လုပ်ပိုင်ခွင့် အာဏာ တွေ အခိုင်အမာ ရှိလာမယ့် သဘောဖြစ်ကြောင်း သတင်းထောက်တွေ က သုံးသပ်ပါတယ်။

သမ္မတ ပိုရိုရှဲန်ကို အဓိကထား ဖြေရှင်းရမယ့် ကိစ္စကတော့ ယူကရိန်း အရှေ့ဘက်ခြမ်း နယ်တွေက ခွဲထွက်ရေး သမားတွေနဲ့ ဖြစ်ပေါ်နေ ပဋိပက္ခကို အဆုံး သတ်နိုင်ရေး ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ